ဒံယေလ 3:4 - မြန်မာ့စံမီသမ္မာကျမ်း4 သံတော်ဆင့်တစ်ဦးက “အို နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုကြသောလူမျိုးအပေါင်းတို့၊ သင်တို့အတွက် အမိန့်တော်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 သံတော်ဆင့်တစ်ဦးက``ဘာသာစကား အမျိုးမျိုးကိုပြောဆိုကြသောလူမျိုး အသီးသီးနှင့်နိုင်ငံအသီးသီးကလူ အပေါင်းတို့၊- အခန်းကိုကြည့်ပါ။Garrad Bible4 ထို အ ခါ သံ တော် ဆင့် တစ် ဦး က ဘာ သာ စ ကား အ မျိုး မျိုး ပြော ဆို သော လူ မျိုး ဟူ သ မျှ တို့၊ အ မိန့် တော် ကို နာ ခံ ရ မည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible4 ထိုအခါ သံတော်ဆင့်တစ်ယောက်က၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့၊ အခန်းကိုကြည့်ပါ။ |
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”
အို ဇိအုန်တောင်၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ မြင့်မားသောတောင်ပေါ်သို့ တက်လော့။ အို ဂျေရုဆလင်မြို့၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ သင့်အသံကို အစွမ်းကုန်လွှင့်လော့။ အသံကိုလွှင့်လော့။ မကြောက်နှင့်။ “ကြည့်ရှုလော့။ ဤသည်ကား သင်တို့၏ဘုရားသခင်ပေတည်း”ဟု ယုဒမြို့တို့အား ပြောကြားလော့။
သိဝန်ဟုခေါ်သော တတိယလ၊ နှစ်ဆယ့်သုံးရက်နေ့တွင် ရှင်ဘုရင်၏စာရေးတော်များကို ဆင့်ခေါ်၍ အိန္ဒိယပြည်မှ အီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်၌ရှိသော ဂျူးလူမျိုးများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ဘုရင်ခံများနှင့် အကြီးအကဲများထံသို့ အမိန့်စာကိုရေးသားပေးပို့စေ၏။ ထိုစာကို ဒေသအလိုက် သူ့စာပေ၊ လူမျိုးအလိုက်သူ့ဘာသာစကားဖြင့်လည်းကောင်း၊ ဂျူးလူမျိုးအတွက်လည်း သူ့စာပေ၊ သူ့ဘာသာစကားဖြင့်လည်းကောင်း မော်ဒကဲပြောကြားသမျှအတိုင်း ရေးသား၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ထို့ကြောင့် မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ အတိုင်ပင်ခံများ၊ ဘဏ္ဍာစိုးများ၊ တရားဝန်ကြီးများ၊ မင်းအရာရှိများမှစ၍ နယ်ပိုင်အပေါင်းတို့သည် နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရုပ်တု၏အနုမောဒနာပွဲသို့ စုရုံးလာကြပြီး နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရုပ်တုရှေ့၌ ရပ်နေကြ၏။