အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
ဗျာဒိတ် 14:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲမှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူအား “မြေကြီးပေါ်မှရိတ်သိမ်းစရာသည် မှည့်ပြီဖြစ်၍ ရိတ်သိမ်းရန်အချိန်ကျရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ ရိတ်သိမ်းတော်မူပါ”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ Common Language Bible အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန် တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်လျက် နေသူအား``ကမ္ဘာမြေကြီးပေါ်၌စပါးများ ကောင်းစွာမှည့်ပြီဖြစ်၍ရိတ်သိမ်းရန်အချိန် ကျရောက်လေပြီ။ ထို့ကြောင့်ကိုယ်တော်၏ တံစဉ်ကိုယူ၍ရိတ်သိမ်းတော်မူပါ'' ဟု အသံကျယ်စွာပြောဆို၏။- Garrad Bible စေ တ မန် တော် တစ် ပါး လည်း ဗိ မာန် တော် မှ ထွက် လာ လျက် တိမ် တိုက် ထက် ထိုင် နေ သော ပု ဂ္ဂိုလ် အား တံ စဉ် တော် ကို ကျော့ ရိတ် တော် မူ ပါ။ မြေ ကြီး အ သီး အ နှံ မှည့်၍ ရိတ် ချိန် တိုင် ရောက် ပါ ပြီ ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် ရာ၊ Judson Bible ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါး မှည့်ပါပြီဟု မိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင် ထိုင်နေသောသူအား “မြေကြီးပေါ်၌ သီးနှံများ ဝင်းမှည့်၍ ရိတ်သိမ်းချိန်ရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏ တံစဉ်ကို ယူ၍ ရိတ်သိမ်းတော်မူပါ” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။ |
အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
ငါသည် ဇိအုန်မြို့အတွက် တိတ်တိတ်နေမည်မဟုတ်။ ဂျေရုဆလင်မြို့၏ဖြောင့်မတ်ခြင်းသည် တောက်ပသောအလင်းကဲ့သို့၊ ကယ်တင်ခြင်းသည် ထွန်းတောက်သောမီးရှူးတိုင်ကဲ့သို့ မထွက်ပေါ်မချင်း ငါသည် ငြိမ်နေမည်မဟုတ်။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဘေဘီလုံသမီးပျိုသည် တလင်းနယ်ချိန်၌ နင်းနယ်ခံရသောကောက်နယ်တလင်းနှင့်တူ၏။ တစ်ခဏချင်းတွင် ရိတ်သိမ်းချိန်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ရိတ်သိမ်းစရာသီးနှံမှည့်ဝင်းပြီဖြစ်၍ တံစဉ်ကိုဆန့်တန်းကြလော့။ စပျစ်သီးနယ်ရာကျင်း ပြည့်နေသည်ဖြစ်၍ လာ၍နင်းချေကြလော့။ စည်များ လျှံနေသကဲ့သို့ ထိုသူတို့၏ဆိုးညစ်မှုများသည် များပြားလျက်ရှိ၏။”
ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးစလုံးအတူ ကြီးထွားကြပါစေ။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းသောသူတို့အား “မြက်သီးပင်များကို ဦးစွာနုတ်ယူ၍ ၎င်းတို့ကိုမီးရှို့ရန် အစည်းလိုက်ချည်ထားကြလော့။ ဂျုံဆန်ကိုမူကား ငါ၏ကျီထဲ၌ စုသိမ်းထားကြလော့”ဟု ငါပြောမည်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
မြက်သီးမျိုးစေ့များကိုကြဲသောရန်သူသည် မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မူကား ကပ်ကမ္ဘာကုန်ဆုံးချိန်ဖြစ်၍ ရိတ်သိမ်းသောသူတို့သည် ကောင်းကင်တမန်များဖြစ်ကြ၏။
သင်တို့သည်လည်း သင်တို့ဘိုးဘေးများ၏အပြစ်ပမာဏကိုပြည့်အောင် ဖြည့်စွက်ကြလော့။
အသီးမှည့်သောအခါ ရိတ်သိမ်းချိန်ရောက်လာသည်ဖြစ်၍ သူသည် ချက်ချင်းတံစဉ်ဖြင့်ရိတ်လေ၏”ဟု မိန့်တော်မူ၏။
လူမျိုးခြားတို့ကယ်တင်ခြင်းရရှိရန် ငါတို့ဟောပြောသည်ကို တားမြစ်ကာ မိမိတို့အပြစ်များကို အစဉ်အမြဲဖြည့်ဆည်းကြ၏။ သို့ဖြစ်၍ အမျက်တော်သည် သူတို့အပေါ်သို့ အဆုံးစွန်သက်ရောက်လေ၏။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
ထိုသားရဲသည် ပထမသားရဲ၏အာဏာရှိသမျှကို သူ၏ရှေ့မှောက်၌သုံးစွဲပြီး ကမ္ဘာမြေကြီးမှစ၍ ၎င်းပေါ်တွင်နေထိုင်သောသူတို့အား သေစေသောဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကို ကိုးကွယ်စေ၏။
တစ်ဖန် ငါကြည့်လိုက်ရာ ဖြူသောမိုးတိမ်ရှိ၍ ထိုမိုးတိမ်ပေါ်တွင် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက် လက်၌ ထက်သောတံစဉ်ကိုကိုင်ထားသည့် လူ့သားနှင့်တူသောသူတစ်ဦးထိုင်နေ၏။
ထိုအခါ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူသည် မိမိ၏တံစဉ်ကို မြေကြီးပေါ်သို့ဝှေ့ယမ်းလိုက်ရာ မြေကြီးသည် ရိတ်သိမ်းခြင်းကိုခံရလေ၏။
တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ရှိ ဗိမာန်တော်ထဲမှထွက်လာ၏။ သူ၌လည်း ထက်သောတံစဉ်ပါ၏။
ထို့နောက် မီးအပေါ်အခွင့်အာဏာရှိသည့် အခြားသောကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲမှထွက်လာ၍ ထက်သောတံစဉ်ပါသောသူအား “စပျစ်သီးများမှည့်ပြီဖြစ်သောကြောင့် သင်၏ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီးပေါ်မှစပျစ်ခိုင်များကို ရိတ်သိမ်းလော့”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
ဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးတို့သည် ထိုဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူတို့သည် စင်ကြယ်တောက်ပသောပိတ်ချောကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထား၏။
သတ္တမကောင်းကင်တမန်သည် သူ၏ဖလားကို အာကာသထဲသို့သွန်းလောင်းသောအခါ ဗိမာန်တော်ထဲရှိ ပလ္လင်တော်မှ ကျယ်လောင်သောအသံထွက်ပေါ်လာ၍ “အမှုပြီးမြောက်ပြီ”ဟု ဆို၏။
ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။