မဿဲ 13:39 - မြန်မာ့စံမီသမ္မာကျမ်း39 မြက်သီးမျိုးစေ့များကိုကြဲသောရန်သူသည် မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မူကား ကပ်ကမ္ဘာကုန်ဆုံးချိန်ဖြစ်၍ ရိတ်သိမ်းသောသူတို့သည် ကောင်းကင်တမန်များဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible39 ထိုမျိုးစေ့များကိုကြဲသူသည်စာတန်မာရ်နတ် ပင်ဖြစ်၏။ ကောက်ရိတ်ချိန်ကားကပ်ကမ္ဘာကုန်ဆုံး ချိန်တည်း။ ကောက်ရိတ်သမားများသည်ကောင်းကင် တမန်များဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible39 ဂျုံ ရိုင်း မျိုး ကို ကြဲ ဖြန့် သော ရန် သူ မှာ မာရ် နတ် ဖြစ်၏။ ရိတ် သိမ်း ချိန် မှာ ယ ခု ခေတ် ကာ လ အ ဆုံး ဖြစ်၏။ ရိတ် သိမ်း သူ တို့ မှာ လည်း စေ တ မန် တော် များ ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible39 တောမျိုးစေ့ကိုကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာလ ဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း39 ဂျုံစေ့ကြားတွင် ပေါင်းမျိုးစေ့ကိုကြဲသော ရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မှာ ကမ္ဘာကုန်ဆုံးချိန်ဖြစ်ပြီး ရိတ်သိမ်းသူများမှာ ကောင်းကင်တမန်များဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ39 တောမျိုးစေ့ကိုကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာလ ဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ထို့နောက် သံလွင်တောင်ပေါ်၌ ကိုယ်တော်ထိုင်နေတော်မူစဉ် တပည့်တော်တို့သည် သူတို့ချည်းသာ အထံတော်သို့ချဉ်းကပ်လာ၍ “ထိုအရာများသည် မည်သည့်အချိန်၌ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု လျှောက်ကြ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။