အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့် မစံမြန်း၊ တဲတော်နှင့်သာစံမြန်းလှည့်လည်ခဲ့ပြီ။
ထွက်မြောက် 40:34 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မိုးတိမ်သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုဖုံးလွှမ်း၍ ကိန်းဝပ်တော်မူရာတဲတော်သည် ထာဝရဘုရား၏ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။ Common Language Bible ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။- Garrad Bible ထို အ ခါ တွေ့ ဆုံ ရာ တဲ တော် ကို တိမ် တိုက် လွှမ်း မိုး ၍ စံ ရာ တော် သည် ထာ ဝ ရ ဘုရား ၏ ဘုန်း တော် နှင့် ပြည့် လေ ၏။ Judson Bible ထိုအခါ မိုးတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် တဲတော်ကိုဖြည့်လေ၏။ |
အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့် မစံမြန်း၊ တဲတော်နှင့်သာစံမြန်းလှည့်လည်ခဲ့ပြီ။
တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။
ထိုသို့ ထာဝရဘုရားအိမ်တော်ကို ထာဝရဘုရား၏ဘုန်းအသရေတော် ဖုံးလွှမ်းသဖြင့် ယဇ်ပုရောဟိတ်တို့ပင် ထာဝရဘုရား၏အိမ်တော်ထဲသို့ ဝင်၍မရချေ။
အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်ရာအိမ်တော်နှင့် ကိုယ်တော်၏ဘုန်းအသရေတည်ရှိရာအရပ်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
မိုးသောက်ချိန်ရောက်သောအခါ ထာဝရဘုရားသည် အီဂျစ်တပ်ကို မီးတိုင်၊ မိုးတိမ်တိုင်ထဲမှ ငုံ့ကြည့်တော်မူ၍ အီဂျစ်တပ်တို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။
အာရုန်သည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုစဉ် သူတို့သည် တောကန္တာရဘက်သို့လှည့်ကြည့်သောအခါ မိုးတိမ်ထဲ၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထင်ရှားနေသည်ကိုမြင်ရကြလေ၏။
သူတို့အလယ်၌ ငါကိန်းဝပ်ဖို့ရန် သူတို့သည် ငါ့အဖို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ။
ငါသည် ထိုနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်တွေ့ဆုံမည်။ ထိုနေရာသည် ငါ၏ဘုန်းအသရေအားဖြင့် သန့်ရှင်းလိမ့်မည်။
မောရှေသည် တဲတော်ထဲသို့ဝင်သွားသောအခါ မိုးတိမ်တိုင်သည်ဆင်းလာ၍ တဲတော်အဝင်ဝ၌ တည်နေ၏။ ထို့နောက် ထာဝရဘုရားသည် မောရှေနှင့်စကားပြောတော်မူ၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ထိုကြွေးကြော်သံကြောင့် တံခါးတိုင်တို့သည်ခါယမ်း၍ အိမ်တော်သည် မီးခိုးနှင့်ပြည့်လေ၏။
ထာဝရဘုရား၏ဘုန်းတော်သည် ခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့သွားလျှင် အိမ်တော်တစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ ဝင်းတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်နှင့် ထွန်းတောက်လေ၏။
“ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
‘ငါသည် လူမျိုးအပေါင်းတို့ကို ကြောက်ရွံ့တုန်လှုပ်စေမည်။ လူမျိုးအပေါင်းတို့သည် သူတို့၏အဖိုးတန်ရတနာတို့ကို ယူဆောင်လာကြလိမ့်မည်။ ဤအိမ်တော်ကိုလည်း ဘုန်းအသရေတော်နှင့် ငါပြည့်စေမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
‘ဤအိမ်တော်၏ဘုန်းအသရေသည် ယခင်အိမ်တော်ထက် သာ၍ကြီးမြတ်လိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။ ‘ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်ဆို၏။
မောရှေသည် ထာဝရဘုရားနှင့်စကားပြောရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ကရုဏာတော်ပလ္လင်အထက် ခေရုဗိမ်နှစ်ပါးအကြားမှ သူ့အား ပြောသောစကားသံကို ကြားရ၏။ ထာဝရဘုရားသည် သူနှင့်စကားပြောတော်မူ၏။
သူတို့သည် အစ္စရေးအမျိုးသားများဖြစ်ကြပြီး သားသမီးအရာဖြစ်စေ၊ ဘုန်းအသရေဖြစ်စေ၊ ပဋိညာဉ်များဖြစ်စေ၊ ပညတ်တရားပေးအပ်ခြင်းဖြစ်စေ၊ ဝတ်ပြုခြင်းဖြစ်စေ၊ ကတိတော်များဖြစ်စေ ထိုသူတို့နှင့်ဆိုင်၏။
ဗိမာန်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်တန်ခိုးတော်တို့မှထွက်ပေါ်သော အခိုးအငွေ့များနှင့်ပြည့်သဖြင့် ကောင်းကင်တမန်ခုနစ်ပါးတို့၏ဘေးဒဏ်ခုနစ်မျိုးမပြီးမချင်း မည်သူမျှ ဗိမာန်တော်ထဲသို့မဝင်နိုင်ချေ။
ထို့နောက် ပလ္လင်တော်မှကျယ်လောင်သောအသံက “ကြည့်ရှုလော့။ ဘုရားသခင်စံရာတဲတော်သည် လူတို့တွင်ရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူစံမြန်းတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။