သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။
ထွက်မြောက် 35:35 - မြန်မာ့စံမီသမ္မာကျမ်း သူတို့အား ဉာဏ်ပညာနှင့်ပြည့်ဝစေတော်မူသဖြင့် သူတို့သည် လက်မှုအတတ်ပညာ၊ ပုံဖော်ဖန်တီးခြင်းအတတ်ပညာ၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးခြင်းအတတ်ပညာ၊ အထည်ရက်လုပ်ခြင်းအတတ်ပညာစသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်း၏။ သူတို့သည် လက်မှုအတတ်ပညာအမျိုးမျိုးလုပ်တတ်သောသူ၊ ပုံဖော်ဖန်တီးတတ်သောသူဖြစ်ကြ၏။ Common Language Bible သူတို့အားပန်းပုအတတ်၊ ပုံစံထုတ်သော အတတ်၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောနှင့်အခြားအထည်တို့ ကိုယက်လုပ်သည့်အတတ်ပညာအမျိုးမျိုး ကိုပေးတော်မူ၏။ သူတို့သည်အတတ်ပညာ အမျိုးမျိုးတို့တွင်ထူးချွန်၍ ပုံစံထုတ် ရာတွင်ပြောင်မြောက်သူများဖြစ်ကြ၏။ Garrad Bible ထို သူ တို့ သည် ပန်း ပု အ လုပ်၊ လက် မြောက် သော အ လုပ်၊ လျှော် ချည် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး အ လုပ်၊ ရက် တတ် သော အ လုပ်၊ အ နည်း နည်း အ ဖုံ ဖုံ အ လုပ်၊ လက် မြောက် သော အ လုပ် အ မျိုး မျိုး ကို တတ် မြောက် စေ ခြင်း ငှါ ဉာဏ် ပ ညာ နှင့် ပြည့် စုံ စေ တော် မူ ပြီ။ Judson Bible ထိုသူတို့သည် ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ်၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။ |
သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။
ဟိရံသည် နဿလိအမျိုးအနွယ်၊ မုဆိုးမတစ်ဦး၏သားဖြစ်၏။ သူ့ဖခင်မှာ တိုင်ရာအမျိုးသား၊ ပန်းတဉ်းသမားဖြစ်၏။ ထို့ကြောင့် သူသည် ကြေးသွန်းလုပ်သောအတတ်ပညာအမျိုးမျိုးကို ကျွမ်းကျင်တတ်မြောက်၏။ သူသည် ရှောလမုန်မင်းကြီးထံလာပြီး ကြေးသွန်းလုပ်ငန်းအလုံးစုံကို လုပ်ဆောင်ပေး၏။
သူ့မိခင်မှာ ဒန်အမျိုးသမီး၊ သူ့ဖခင်မှာ တိုင်ရာမြို့သားဖြစ်၏။ သူသည် ရွှေငွေ၊ ကြေးနီ၊ သံတို့ကို သွန်းလုပ်သောအတတ်၊ ကျောက်ဆစ်အတတ်၊ သစ်ထွင်းထုသောအတတ်၊ ခရမ်းရောင်အထည်၊ အပြာရောင်အထည်၊ ပိတ်ချောထည်၊ ကြက်သွေးရောင်အထည်တို့ကို ရက်လုပ်သောအတတ်၊ ကမ္ပည်းစာအမျိုးမျိုးရေးထိုးသောအတတ် စသည်တို့မှစ၍ အနုပညာလက်ရာအမျိုးမျိုးတို့ကို ကျွမ်းကျင်စွာလုပ်ဆောင်ပေးနိုင်သူဖြစ်၏။ သူသည် မင်းကြီး၏လက်မှုပညာသည်များ၊ မင်းကြီး၏ခမည်းတော် အကျွန်ုပ်၏သခင်ဒါဝိဒ်မင်းကြီး၏လက်မှုပညာသည်များနှင့်အတူ အလုပ်လုပ်လိမ့်မည်။
ငါ၏နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ချက်ကင်းမဲ့စွာ ကုန်ဆုံးသွား၏။
ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။
သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
သူနှင့်အတူ ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သား အဟောလျဘကိုလည်း ခန့်ထားပြီ။ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ထဲတွင် သူတို့အား ဉာဏ်ပညာကိုသွင်းပေးပြီဖြစ်၍ သူတို့သည် သင့်အား ငါမိန့်မှာသောအရာအားလုံးကို ပြုလုပ်ပေးနိုင်လိမ့်မည်။
သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
ဗေဇလေလ၊ အဟောလျဘနှင့်တကွ ထာဝရဘုရားထံတော်မှ ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်ရရှိ၍ သန့်ရှင်းရာဌာနဆောက်လုပ်ခြင်းနှင့်ဆိုင်သောအတတ်အမျိုးမျိုးတို့ကို သိမြင်လုပ်ဆောင်နိုင်သော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ထာဝရဘုရားမိန့်မှာသမျှအတိုင်း လုပ်ဆောင်ကြရမည်”ဟု ဆိုလေ၏။
သူ၏ဘုရားသခင်သည် သူ့အား နည်းမှန်လမ်းမှန်ကိုပြပေးတော်မူပြီ။ ညွှန်ကြားတော်မူပြီ။
ငါ့အိမ်ကို သိုးထိန်းတဲကဲ့သို့ ဆွဲထုတ်၍ ငါ့ထံမှဖယ်ရှားလေပြီ။ ရက်ကန်းသည် အဝတ်လိပ်သကဲ့သို့ ငါ့အသက်ကို ငါလိပ်ရလေပြီ။ ရက်ကန်းစင်မှချည်ကိုဖြတ်သကဲ့သို့ ကိုယ်တော်သည် ငါ့ကို ဖြတ်တော်မူပြီ။ နေ့ချင်းညချင်း ငါ့ကို အဆုံးသတ်တော်မူပြီ။
ပေါလုသည် သူတို့အပေါ်လက်တင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သဖြင့် သူတို့သည် အခြားသောဘာသာစကားများကိုပြောဆိုလျက် ပရောဖက်ပြုဟောပြောကြ၏။
ထို့နောက် ပေါလုသည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သုံးလပတ်လုံး ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးပြောဆိုကာ လူတို့ကိုစည်းရုံးလေ၏။
အကြောင်းမူကား သင်တို့သည် နှုတ်သတ္တိရှိသမျှ၌ဖြစ်စေ၊ ဉာဏ်သတ္တိရှိသမျှ၌ဖြစ်စေ၊ အရာရာတို့၌ ခရစ်တော်အားဖြင့် ကြွယ်ဝပြည့်စုံ၍
ထို့ကြောင့် သင်တို့သည် ဆုကျေးဇူးတစ်စုံတစ်ခုမျှ လစ်ဟင်းနေသည်ဟူ၍မရှိဘဲ ငါတို့သခင်ယေရှုခရစ်တော်၏ပေါ်ထွန်းတော်မူခြင်းကို စောင့်မျှော်နေကြ၏။
ထို့ကြောင့် ကိုယ်ခန္ဓာသည် တစ်ခုတည်းဖြစ်သော်လည်း အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ကိုယ်ခန္ဓာ၌အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း အားလုံးသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သကဲ့သို့ ခရစ်တော်သည်လည်း ထိုနည်းတူဖြစ်တော်မူ၏။
အကြောင်းမူကား ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား အသိပညာစကားကိုလည်းကောင်း၊
ဤအချက်ကိုသာ သင်တို့ထံမှ ငါသိလို၏။ သင်တို့သည် ဝိညာဉ်တော်ကို ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် ခံယူရရှိကြသလော၊ သို့မဟုတ် ကြားနာ၍ယုံကြည်သောအားဖြင့် ခံယူရရှိကြသလော။
သို့ဖြစ်လျှင် ဝိညာဉ်တော်ကို သင်တို့အားပေးတော်မူ၍ သင်တို့ထဲ၌ တန်ခိုးနှင့်ပြည့်စုံသောအမှုကို ပြုတော်မူသောအရှင်သည် သင်တို့၏ပညတ်တရားနှင့်ဆိုင်သောအကျင့်ကြောင့် ထိုသို့ပြုတော်မူသလော၊ သို့မဟုတ် သင်တို့ကြားနာ၍ယုံကြည်သောကြောင့် ထိုသို့ပြုတော်မူသလော။
ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။
သင့်ကိုယ်သင်သော်လည်းကောင်း၊ သင်၏သွန်သင်ချက်ကိုသော်လည်းကောင်း ဂရုစိုက်၍ ထိုသွန်သင်ချက်တို့၌ အမြဲတည်နေလော့။ အကြောင်းမူကား သင်သည် ထိုသို့ပြုခြင်းဖြင့် သင့်ကိုယ်သင်နှင့် သင့်ကိုနားထောင်သောသူတို့ကို ကယ်တင်လိမ့်မည်။
သင်သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချရသူတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို မှန်ကန်စွာပိုင်းခြားတတ်သည့် ရှက်ကြောက်စရာမရှိသောလုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကိုဆက်သနိုင်ရန် ကြိုးစားလော့။