၃ ရာ 7:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဟိရံသည် နဿလိအမျိုးအနွယ်၊ မုဆိုးမတစ်ဦး၏သားဖြစ်၏။ သူ့ဖခင်မှာ တိုင်ရာအမျိုးသား၊ ပန်းတဉ်းသမားဖြစ်၏။ ထို့ကြောင့် သူသည် ကြေးသွန်းလုပ်သောအတတ်ပညာအမျိုးမျိုးကို ကျွမ်းကျင်တတ်မြောက်၏။ သူသည် ရှောလမုန်မင်းကြီးထံလာပြီး ကြေးသွန်းလုပ်ငန်းအလုံးစုံကို လုပ်ဆောင်ပေး၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ကွယ်လွန်သွားပြီဖြစ်သောသူ၏ဖခင်သည်လည်း တုရုမြို့တွင်နေထိုင်ခဲ့၍လက်ရာမြောက်သည့် ကြေးဝါပန်းတဉ်းဆရာပင်ဖြစ်သည်။ သူ၏ မိခင်မှာနဿလိအနွယ်ဝင်ဖြစ်ပေသည်။ ဟိရံ သည်အသိဉာဏ်ရှိ၍အလုပ်ရည်ဝသူတစ်ဦး ဖြစ်၏။ သူသည်ရှောလမုန်မင်းဖိတ်ခေါ်စေခိုင်း သည့်အတိုင်း ကြေးဝါလုပ်ငန်းမှန်သမျှကို တာဝန်ယူ၍ဆောင်ရွက်လေသည်။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုဟိရံကား၊ နဿလိအမျိုးမုဆိုးမသားဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမားဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သောဉာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန်မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။ အခန်းကိုကြည့်ပါ။ |
သူ့မိခင်မှာ ဒန်အမျိုးသမီး၊ သူ့ဖခင်မှာ တိုင်ရာမြို့သားဖြစ်၏။ သူသည် ရွှေငွေ၊ ကြေးနီ၊ သံတို့ကို သွန်းလုပ်သောအတတ်၊ ကျောက်ဆစ်အတတ်၊ သစ်ထွင်းထုသောအတတ်၊ ခရမ်းရောင်အထည်၊ အပြာရောင်အထည်၊ ပိတ်ချောထည်၊ ကြက်သွေးရောင်အထည်တို့ကို ရက်လုပ်သောအတတ်၊ ကမ္ပည်းစာအမျိုးမျိုးရေးထိုးသောအတတ် စသည်တို့မှစ၍ အနုပညာလက်ရာအမျိုးမျိုးတို့ကို ကျွမ်းကျင်စွာလုပ်ဆောင်ပေးနိုင်သူဖြစ်၏။ သူသည် မင်းကြီး၏လက်မှုပညာသည်များ၊ မင်းကြီး၏ခမည်းတော် အကျွန်ုပ်၏သခင်ဒါဝိဒ်မင်းကြီး၏လက်မှုပညာသည်များနှင့်အတူ အလုပ်လုပ်လိမ့်မည်။
အလုပ်လုပ်သောသူတို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ကြ၏။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်ထားသော ပိတ်ချောထည်ဖြစ်ကြ၏။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားကြ၏။
သူတို့အား ဉာဏ်ပညာနှင့်ပြည့်ဝစေတော်မူသဖြင့် သူတို့သည် လက်မှုအတတ်ပညာ၊ ပုံဖော်ဖန်တီးခြင်းအတတ်ပညာ၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးခြင်းအတတ်ပညာ၊ အထည်ရက်လုပ်ခြင်းအတတ်ပညာစသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်း၏။ သူတို့သည် လက်မှုအတတ်ပညာအမျိုးမျိုးလုပ်တတ်သောသူ၊ ပုံဖော်ဖန်တီးတတ်သောသူဖြစ်ကြ၏။