၂ ရာချုပ် 2:14 - မြန်မာ့စံမီသမ္မာကျမ်း
14 သူ့မိခင်မှာ ဒန်အမျိုးသမီး၊ သူ့ဖခင်မှာ တိုင်ရာမြို့သားဖြစ်၏။ သူသည် ရွှေငွေ၊ ကြေးနီ၊ သံတို့ကို သွန်းလုပ်သောအတတ်၊ ကျောက်ဆစ်အတတ်၊ သစ်ထွင်းထုသောအတတ်၊ ခရမ်းရောင်အထည်၊ အပြာရောင်အထည်၊ ပိတ်ချောထည်၊ ကြက်သွေးရောင်အထည်တို့ကို ရက်လုပ်သောအတတ်၊ ကမ္ပည်းစာအမျိုးမျိုးရေးထိုးသောအတတ် စသည်တို့မှစ၍ အနုပညာလက်ရာအမျိုးမျိုးတို့ကို ကျွမ်းကျင်စွာလုပ်ဆောင်ပေးနိုင်သူဖြစ်၏။ သူသည် မင်းကြီး၏လက်မှုပညာသည်များ၊ မင်းကြီး၏ခမည်းတော် အကျွန်ုပ်၏သခင်ဒါဝိဒ်မင်းကြီး၏လက်မှုပညာသည်များနှင့်အတူ အလုပ်လုပ်လိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
14 သူ၏အမိသည်ဒန်အနွယ်ဝင်၊ သူ၏အဖမှာ တုရုမြို့သားဖြစ်ပါ၏။ သူသည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်နှင့်သစ်သားပစ္စည်းအသုံး အဆောင်များကိုပြုလုပ်တတ်၍နီ၊ ပြာ၊ ညို မောင်းသောအထည်များ၊ ပိတ်ချောထည်များ ကိုလည်းယက်လုပ်တတ်ပါသည်။ တီထွင်မှု လုပ်ငန်းအမျိုးမျိုးတွင်ကျွမ်းကျင်၍သူ့ အားအကြံပေးဖော်ပြသည့်ပုံစံအတိုင်း လုပ်ကိုင်နိုင်သူဖြစ်ပေသည်။ သူ့အား အဆွေတော်၏ခမည်းတော်အသုံးပြု ခဲ့သည့်လက်မှုပညာသည်များနှင့်အတူ လုပ်ကိုင်စေပါလော့။-
အခန်းကိုကြည့်ပါ။ ကော်ပီ
14 သူ့အမိကား ဒန်အမျိုးသမီး၊ အဘကား တုရုအမျိုးသား ဖြစ်၏။ သူသည် ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကျောက်၊ သစ်သား၊ မောင်းသောအထည်၊ ပြာသောအထည်၊ နီသောအထည်၊ ပိတ်ချောကို လုပ်တတ်သောအတတ်၊ အမျိုးမျိုးထုလုပ်တတ်သော အတတ်နှင့်ပြည့်စုံ၍၊ ကိုယ်တော်၏ဆရာသမား၊ ခမည်းတော်အရှင်ဒါဝိဒ်၏ ဆရာသမားတို့နှင့် ဝိုင်းလျက်၊ လိုသမျှကို ဉာဏ်ရှာ၍ လုပ်တတ်သောသူ ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ