ထွက်မြောက် 17:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မောရှေက ယောရှုအား “ငါတို့အတွက် လူတို့ကိုရွေးချယ်ပြီးလျှင် အာမလက်လူမျိုးတို့ကို ထွက်၍တိုက်လော့။ မနက်ဖြန်၌ ငါသည် ဘုရားသခင်၏တောင်ဝှေးကို ကိုင်လျက် တောင်ကုန်းထိပ်တွင်ရပ်နေမည်”ဟု ဆိုလေ၏။ Common Language Bible မောရှေကယောရှုအား``သင်သည်နက်ဖြန်နေ့ တွင်အာမလက်အမျိုးသားတို့ကိုစစ်ချီ တိုက်ခိုက်ရန်လူအချို့ကိုရွေးလော့။ ငါသည် ထာဝရဘုရားအပ်နှင်းထားတော်မူသော တောင်ဝှေးကိုကိုင်လျက် တောင်ထိပ်ပေါ်တွင် ရပ်နေမည်'' ဟုဆို၏။- Garrad Bible ယော ရှု အား မော ရှေ က၊ လူ များ ကို ရွေး ချယ်၍ အာ မ လက် လူ တို့ နှင့် စစ် တိုက် ခြင်း ငှါ ထွက် ချီ လော့။ ငါ မူ ကား၊ နက် ဖြန် နေ့၌ ဘု ရား သ ခင့် တောင် ဝေး တော် ကို ကိုင် စွဲ လျက် တောင် ထိပ် ပေါ် က ရပ် တန့် မည် ဟု ဆို ၏။ Judson Bible မောရှေကလည်း၊ လူတို့ကိုရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏လှံတံကိုကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။ |
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
ထိုအခါ မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထသွား၏။ မောရှေသည် ဘုရားသခင်၏တောင်တော်ပေါ်သို့တက်သွား၏။
ထာဝရဘုရားသည် မိတ်ဆွေချင်းစကားပြောသကဲ့သို့ မောရှေနှင့် မျက်နှာချင်းဆိုင်စကားပြောတော်မူ၏။ ထို့နောက် မောရှေသည် တပ်စခန်းသို့ ပြန်လာ၏။ သူ၏လက်ထောက်လူငယ်တစ်ဦးဖြစ်သည့် နုန်၏သားယောရှုမူကား တဲတော်ထဲမှ မထွက်ဘဲနေရစ်ခဲ့၏။
သင်သည် နိမိတ်လက္ခဏာများကိုပြရန် ဤတောင်ဝှေးကို သင့်လက်၌ယူဆောင်သွားရမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သင့်လက်ထဲ၌ မည်သည့်အရာရှိသနည်း”ဟု သူ့အား မေးတော်မူလျှင် “တောင်ဝှေးရှိပါသည်”ဟု ပြန်လျှောက်လေ၏။
ထို့ကြောင့် မောရှေသည် မိမိမယားနှင့်သားတို့ကိုခေါ်၍ မြည်းပေါ်တင်ပြီးလျှင် အီဂျစ်ပြည်သို့ပြန်သွားလေ၏။ မောရှေသည် မိမိ၏လက်ထဲ၌ ဘုရားသခင်၏တောင်ဝှေးတော်ကို ကိုင်ဆောင်သွား၏။
ထိုအခါ ငယ်ရွယ်စဉ်ကပင် မောရှေ၏လက်ထောက်ဖြစ်သော နုန်၏သားယောရှုက “အကျွန်ုပ်၏သခင် မောရှေ၊ ထိုသူတို့ကိုတားမြစ်ပါ”ဟု ဆို၏။
ဤသည်ကား ခါနာန်ပြည်ကို စူးစမ်းရန် မောရှေစေလွှတ်သောသူတို့၏အမည်များဖြစ်၏။ မောရှေသည် နုန်၏သား ဟောရှေကို ယောရှုဟု မှည့်ခေါ်၏။
ထာဝရဘုရားကလည်း မောရှေအား “နုန်၏သားယောရှု၌ ဝိညာဉ်တော်တည်၏။ သူ့ကိုခေါ်၍ သင့်လက်ကို သူ့အပေါ်တင်လော့။
ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။
ထို့နောက် မောရှေသည် နုန်၏သား ယောရှုနှင့်အတူ လာ၍ ဤသီချင်းစာသားရှိသမျှတို့ကို လူတို့ကြားအောင် ရွတ်ဆိုပြ၏။
အကယ်၍ ယောရှုသည် သူတို့အား ငြိမ်ဝပ်ချမ်းသာခြင်းကိုပေးခဲ့သည်မှန်လျှင် နောက်မှ အခြားနေ့ရက်အကြောင်းကို ဘုရားသခင်မြွက်ဆိုတော်မူမည်မဟုတ်။
ထိုအခါ ထာဝရဘုရားက ယောရှုအား “သင်ကိုင်ထားသောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူသဖြင့် ယောရှုသည် မိမိကိုင်ထားသောလှံကို ထိုမြို့သို့ ရွယ်လေ၏။
ယောရှုနှင့်စစ်သည်အပေါင်းတို့သည်လည်း အာဣမြို့သို့ ထ၍စစ်ချီကြ၏။ ယောရှုသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲသုံးသောင်းကိုရွေးချယ်ပြီး သူတို့ကို ညအချိန်၌စေလွှတ်၍