အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
ထွက်မြောက် 12:15 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ Common Language Bible ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။- Garrad Bible ပ ထ မ နေ့၌ ပင် တ ဆေး ကို အိမ် များ မှ ပယ် ပြီး လျှင် ခု နစ် ရက် ပတ် လုံး တ ဆေး မဲ့ မုန့် ကို သာ စား ရ မည်။ ပ ထ မ နေ့ မှ စ၍ သ တ္တ မ နေ့ တိုင် တ ဆေး ခတ် သော မုန့် ကို စား သူ မည် သည် ကား၊ ဣ သ ရေ လ အ မျိုး မှ ပယ် ရှား ခံ ရ မည်။ Judson Bible ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားရမည်။ ပထမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပထမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။ |
အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့သို့လာရောက်သော အစ္စရေးအမျိုးသားတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်ပတ်လုံး အလွန်ဝမ်းမြောက်ပျော်ရွှင်စွာ ကျင်းပကြ၏။ လေဝိအမျိုးသားတို့နှင့် ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရားထံ နေ့စဉ်ချီးမွမ်းသီဆိုကြ၏။ တူရိယာများတီးမှုတ်လျက် ထာဝရဘုရားအား ချီးမွမ်းကြ၏။
ထာဝရဘုရားသည် သူတို့အား ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အိမ်တော် တည်ဆောက်ရာတွင်လည်း သူတို့အား အဆီးရီးယားဘုရင်ထောက်ပံ့ပေးလိုသောစိတ်ရှိစေရန် ပြုတော်မူသောကြောင့် သူတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင် ဝမ်းမြောက်စွာကျင်းပကြ၏။
ဤည၌ပင် အသားကိုမီးကင်၍ တဆေးမဲ့မုန့်နှင့်ခါးသောဟင်းရွက်တို့ဖြင့် စားရမည်။
ထို့နောက် မောရှေက အစ္စရေးလူမျိုးတို့အား “ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ထွက်လာသော ဤနေ့ရက်ကို အောက်မေ့လော့။ အကြောင်းမူကား ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ဤအရပ်မှ ထုတ်ဆောင်တော်မူခဲ့၏။ တဆေးပါသောမုန့်ကိုမစားရ။
တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။ ငါ့ရှေ့မှောက်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထိုနံ့သာပေါင်းမျိုးကို မိမိရှူရန်အတွက် ဖော်စပ်သောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ဥပုသ်နေ့သည် သင်တို့အတွက် သန့်ရှင်းသောကြောင့် သင်တို့သည် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ်နေ့ကိုညစ်ညူးစေသောသူသည် မုချအသတ်ခံရမည်။ တစ်စုံတစ်ယောက်သည် ဥပုသ်နေ့၌အလုပ်လုပ်လျှင် ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။
သင်သည် ယဇ်ကောင်၏သွေးကို တဆေးပါသောမုန့်နှင့်အတူ ငါ့အား မပူဇော်ရ။ ပသခါပွဲ၌ပူဇော်သောယဇ်ကောင်ကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် သွေးတစ်မျိုးမျိုးကိုစားလျှင် ထိုသွေးစားသောသူကို ငါမျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
အကြောင်းမူကား သတ္တဝါတိုင်း၏အသက်သည် သွေး၌တည်၏။ ထိုသို့ အသက်သည် သွေး၌တည်သောကြောင့် အစ္စရေးအမျိုးသားတို့အား ‘မည်သည့်သတ္တဝါ၏သွေးကိုမျှ မစားရ။ သတ္တဝါတိုင်း၏အသက်သည် သွေး၌တည်သောကြောင့် သွေးကိုစားသောသူမည်သူမဆို သုတ်သင်ပယ်ရှင်းခြင်းခံရမည်’ဟု ငါမိန့်ဆိုပြီ။
ထိုသို့ပြုသောသူ မည်သူမဆို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားထံတော်သို့ ပူဇော်သက္ကာကိုယူဆောင်လာလျှင် ထာဝရဘုရားသည် ထိုသူ၏မျိုးနွယ်ကို ယာကုပ်၏တဲမှ နှင်ထုတ်တော်မူပါစေသော။
ဤလတစ်ဆယ့်ငါးရက်နေ့၌လည်း ပွဲတော်ကျင်းပရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။
သို့သော် တစ်စုံတစ်ယောက်သည် စင်ကြယ်ခြင်းရှိလျက်၊ ခရီးလည်းမလွန်ဘဲလျက် ပသခါပွဲတော်ကို မကျင်းပလျှင် သူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သတ်မှတ်ထားသောအချိန်၌ ထာဝရဘုရားအား ပူဇော်သက္ကာကို မပူဇော်သောကြောင့် သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်က မုန့်၏တဆေးကိုသတိထားရန် မိန့်တော်မူသည်မဟုတ်ဘဲ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏သွန်သင်ချက်တို့ကိုသတိထားရန် မိန့်တော်မူကြောင်း နားလည်ကြ၏။
ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ“ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
ပွဲတော်ရက်များပြီးဆုံး၍ သူတို့ပြန်ကြသောအခါ သူငယ်ယေရှုသည် ဂျေရုဆလင်မြို့၌နေရစ်လေ၏။ မိဘတို့သည် မသိကြဘဲ
ထိုအမှုကို ဂျူးလူမျိုးတို့ နှစ်သက်ကြကြောင်းတွေ့မြင်လျှင် တစ်ဖန် ထပ်၍ ပေတရုကိုလည်းဖမ်းဆီးရန် စီစဉ်လေ၏။ ထိုအချိန်သည် တဆေးမဲ့မုန့်ပွဲတော်အချိန်ဖြစ်၏။
သင်တို့ကို မွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် မိမိတို့ကိုယ်ကိုပင် သင်းကွပ်လိုက်လျှင် ကောင်းလိမ့်မည်။
သင်သည် အီဂျစ်ပြည်မှ အလျင်စလိုထွက်လာသောကြောင့် တဆေးမဲ့ဆင်းရဲဒုက္ခမုန့်ကိုစားခဲ့ရ၏။ သို့ဖြစ်၍ သင်အသက်ရှင်သမျှကာလပတ်လုံး အီဂျစ်ပြည်မှထွက်လာသောနေ့ကိုအောက်မေ့မည့်အကြောင်း ခုနစ်ရက်ပတ်လုံး ပသခါယဇ်ကိုတဆေးမဲ့မုန့်နှင့်စားရမည်။
သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော မည်သည့်မြို့၌မျှ ပသခါယဇ်ကို မပူဇော်ရ။
ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ဓမ္မစည်းဝေးပွဲကြီးကို ကျင်းပရမည်။ အလုပ်မလုပ်ရ။