ထွက်မြောက် 12:16 - မြန်မာ့စံမီသမ္မာကျမ်း16 သင်တို့သည် ပထမနေ့နှင့်သတ္တမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုလုပ်ရမည်။ ထိုနေ့တို့၌ လူတိုင်း စားစရာများကိုချက်ပြုတ်ခြင်းမှတစ်ပါး အခြားမည်သည့်အလုပ်ကိုမျှမလုပ်ရ။ အခန်းကိုကြည့်ပါ။Common Language Bible16 ပထမနေ့နှင့်သတ္တမနေ့၌ဝတ်ပြုအစည်း အဝေးကိုကျင်းပရမည်။ ထိုနေ့ရက်များ တွင်စားစရာပြင်ဆင်ခြင်းအလုပ်မှတစ် ပါးအခြားအလုပ်မလုပ်ရ။- အခန်းကိုကြည့်ပါ။Garrad Bible16 ပ ထ မ နေ့၌ လည်း ကောင်း၊ သ တ္တ မ နေ့ ၌ လည်း ကောင်း ဓ မ္မ အ စည်း အဝေး ကို ပြု ရ မည်။ ထို နေ့ များ၌ လူ တိုင်း စား သောက် ရေး မှ တစ် ပါး အ ခြား အ လုပ် ကို မ လုပ် မ ဆောင် ရ။ အခန်းကိုကြည့်ပါ။Judson Bible16 ပထမနေ့၌လည်းကောင်း၊ ခုနစ်ရက်နေ့၌လည်းကောင်း၊ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ ထိုနေ့ရက်၌ လူတိုင်းစားခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတစ်ပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ။ အခန်းကိုကြည့်ပါ။ |
မောရှေကလည်း “ဤအရာကား ထာဝရဘုရားမိန့်ဆိုတော်မူသောအရာဖြစ်၏။ မနက်ဖြန်သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောဥပုသ်နေ့ဖြစ်၏။ ထိုမုန့်ကို သင်တို့ဖုတ်လိုလျှင် ဖုတ်လော့။ ပြုတ်လိုလျှင် ပြုတ်လော့။ ပိုသမျှကို သင်တို့အတွက် ချန်ထားပြီး နံနက်တိုင်အောင်သိမ်းထားလော့”ဟု သူတို့အားဆို၏။
ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်ပြီး နောက်တစ်နေ့သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်သောကြောင့် ဂျူးလူမျိုးတို့သည် ထိုဥပုသ်နေ့တွင် လက်ဝါးကပ်တိုင်ပေါ်မှာ အလောင်းများမရှိစေလိုသဖြင့် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသောသူများ၏ခြေတို့ကိုချိုးပြီး အလောင်းများကိုယူသွားခွင့်ပေးရန် ပိလတ်မင်းထံ တောင်းဆိုကြ၏။