Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မာ​လ​ခိ 2:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထိုသို့​ပြု​သော​သူ မည်သူမဆို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ထံ​တော်​သို့ ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​လျှင် ထာဝရဘုရား​သည် ထို​သူ​၏​မျိုးနွယ်​ကို ယာကုပ်​၏​တဲ​မှ နှင်ထုတ်​တော်မူ​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သို့​ပြု​ကျင့်​သူ​မှန် သ​မျှ​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ​စေ သော။ သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ​ငါ​တို့ ၏​အ​မျိုး​သား​ဖြစ်​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သ​ကာ​များ​ဆက်​သ​သည့်​လူ​မျိုး​တော်​ဖြစ် ပိုင်​ခွင့်​ကို​လည်​ကောင်း​မ​ပေး​ဘဲ​နေ​တော်​မူ ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို သို့ ပြု တတ် သော နှိုး ဆော် သူ၊ လိုက် နာ သူ တို့ နှင့် တ ကွ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ထံ လှူ ဆက် သူ့ ကို၊ ယာ ကုပ် ဘောင် မှ ထာ ဝ ရ ဘု ရား ပယ် ရှား တော် မူ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​သို့​ပြု​သော ဆ​ရာ​နှင့် တ​ပည့်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ​ကို​လည်း​ကောင်း၊ ယာ​ကုပ်​တဲ​တို့​မှ ပယ်​ဖြတ်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မာ​လ​ခိ 2:12
28 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အကြီး​အငယ်​၊ ဆရာ​တပည့် မ​ခွဲခြား​ဘဲ မဲချ​၍ တာဝန်ယူ​ကြ​ရ​၏​။


ငါ​ထာဝရဘုရား​သည် တရားမျှတမှု​ကို​နှစ်သက်​၏​။ မတရား​လုယက်မှု​ကို မုန်းတီး​၏​။ ငါ​သည် သစ္စာတရား​နှင့်အညီ သူ​တို့​အား အကျိုးအပြစ်​ကို​ပေး​မည်​။ သူ​တို့​နှင့်​ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။


နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​၊ သိုးသငယ်​ကို​ယဇ်ပူဇော်​သော​သူ​သည် ခွေး​၏​လည်ပင်း​ကို​ချိုး​သော​သူ​ဖြစ်​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​သော​သူ​သည် ဝက်​၏​သွေး​ကို​ပူဇော်​သော​သူ​၊ လော်ဗန်​ကို​ပူဇော်​သော​သူ​သည် ရုပ်တုဆင်းတု​ကို​ကောင်းချီးပေး​သော​သူ​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​နှစ်သက်​ရာ​လမ်း​ကို​ရွေးချယ်​ကြ​၍ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရွံရှာဖွယ်​ရာ​တို့​ကို နှစ်သက်​ကြ​၏​။


သူ​တို့​သည် ကိုယ့်​အပြစ်​အတွက် အပြစ်ဒဏ်​ကို​ခံရ​မည်​။ ပရောဖက်​ထံ​မေးမြန်း​သူ​ခံရ​သော​အပြစ်ဒဏ်​သည် ပရောဖက်​ခံရ​သော အပြစ်ဒဏ်​နှင့်​အတူတူ​ပင်​ဖြစ်​၏​။


‘အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင်​တို့​ဂုဏ်ယူ​အားထားရာ​၊ သင်​တို့​နှစ်သက်မြတ်နိုး​ရာ​၊ အလေးအမြတ်​ထား​ရာ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​ညစ်ညူး​စေ​မည်​။ သင်​တို့​စွန့်ထား​ခဲ့​သော သင်​တို့​၏​သား​သမီး​တို့​သည် ဓား​ဖြင့်​သေ​ရ​မည်​။


အကယ်၍ သားသမီး​မွေး​လျှင်​လည်း အားလုံး​ကို ငါ​ဆုံးပါး​စေ​မည်​။ သူ​တို့​ကို ငါ​စွန့်ပစ်​သောအခါ သူ​တို့ အမင်္ဂလာ​ဖြစ်​လိမ့်မည်​။


အကယ်စင်စစ် ထို​စက်ဆုပ်ရွံရှာဖွယ်​များ​ထဲမှ​တစ်စုံတစ်ရာ​ကို ပြုကျင့်​သော​သူ​မည်သူမဆို မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


ထို​သူ​သည် မိမိ​သားမြေး​ကို မောလုတ်​ဘုရား​အား​ပေးလှူ​ခြင်း​ဖြင့် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​၍ ငါ​၏​သန့်ရှင်း​သော​နာမ​တော်​ကို​ရှုတ်ချ​သောကြောင့် ငါ​သည် သူ့​ကို မျက်နှာလွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။


သင်​တို့​ပူဇော်​သော မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဆူဖြိုး​သော​ယဇ်ကောင်​တို့​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လျှင်​လည်း ငါ​အရေးစိုက်​မည်​မ​ဟုတ်​။


ဒါဝိဒ်​အမျိုးအနွယ်​၊ ဂျေရုဆလင်​မြို့သား​တို့​၏​ဂုဏ်ကျက်သရေ​သည် ယုဒ​အမျိုး​တို့​ထက် မ​ကြီးမြတ်​စေရန် ထာဝရဘုရား​သည် ယုဒ​အမျိုး​၏​တဲ​များ​ကို ဦးစွာ​ကယ်တင်​တော်မူ​မည်​။


“ငါ့​ယဇ်ပလ္လင်​ရှိ​ရာ​သို့​ဝင်​၍ မီး​ကို​အချည်းနှီး​မ​ထွန်း​ရ​အောင် တံခါး​ကို မည်သူ​ပိတ်​ပေး​မည်နည်း​။ ငါ​သည် သင်​တို့​ကို မ​နှစ်သက်​။ သင်​တို့​လက်​နှင့်​ပူဇော်​သော​ယဇ်​ကို ငါ​လက်​မ​ခံ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


သင်​တို့​သည် နှာခေါင်းရှုံ့​လျက် ‘​ငြီးငွေ့ဖွယ်​ကောင်း​လှ​သည်​တကား​’​ဟု ဆို​ပြီး လုယူ​ထား​သော​အကောင်​၊ ခြေမသန်​သော​အကောင်​၊ နာ​နေ​သော​အကောင်​တို့​ကို ယူဆောင်​လာ​၍ ယဇ်ပူဇော်​ကြ​၏​။ ထိုသို့သော သင်​တို့​၏​ပူဇော်သက္ကာ​ကို ငါ​လက်ခံ​ရ​မည်လော​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ငါ​တို့​အားလုံး​၌ ဖခင်​တစ်ဦးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင် တစ်ပါးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​သည် အဘယ်ကြောင့် ငါ​တို့​ဘိုးဘေး​တို့​နှင့်​ဖွဲ့​တော်မူ​သော​ပဋိညာဉ်​ကို ချိုးဖောက်​ပြီး တစ်ယောက်​ကို​တစ်ယောက်​သစ္စာဖောက်​ကြ​မည်နည်း​။


‘​အို ယာကုပ်​အမျိုး​၊ သင်​၏​တဲ​များ​သည် တင့်တယ်လှ​သည်​တကား​။ အို အစ္စရေး​လူမျိုး​၊ သင်​နေထိုင်​ရာ​နေရာ​များ​သည် တင့်တယ်​လှ​သည်​တကား​။


သူ​တို့​ရှိ​ကြ​ပါလေစေ။ သူ​တို့​သည် မျက်မမြင်​တို့​ကို​လမ်းပြ​သော မျက်မမြင်​များ​ဖြစ်​ကြ​၏။ မျက်မမြင်​သည် မျက်မမြင်​ကို​လမ်းပြ​လျှင် နှစ်ဦးစလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ဆိုးညစ်​သော​သူ​တို့​နှင့် လိမ်လည်​လှည့်ဖြား​သော​သူ​တို့​သည် သူတစ်ပါး​ကို​လှည့်ဖြား​လျက် လှည့်ဖြား​ခြင်း​ကို​လည်း​ခံရ​လျက် ပို၍​ဆိုးရွား​သော​အဖြစ်​သို့ ကျဆင်း​သွား​ကြ​လိမ့်မည်။


သို့သော် သားရဲ​သည် ပရောဖက်​အတုအယောင်​နှင့်အတူ အဖမ်း​ခံရ​၏။ ထို​ပရောဖက်​အတုအယောင်​သည် သားရဲ​၏​ရှေ့မှောက်​၌ နိမိတ်​လက္ခဏာ​များ​ကို​ပြု​လျက် ထို​နိမိတ်​လက္ခဏာ​များ​အားဖြင့် သားရဲ​၏​တံဆိပ်​ကို​ခံယူ​၍ သူ​၏​ရုပ်တု​ကို​ကိုးကွယ်​သော​သူ​တို့​အား လှည့်ဖြား​သော​သူ​ဖြစ်​၏။ ထို​သူ​နှစ်ဦးစလုံး​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲသို့ အရှင်လတ်လတ်​ပစ်ချ​ခြင်း​ခံရ​ကြ​၏။


ထို့ကြောင့် ဧလိ​၏​အိမ်သူအိမ်သား​တို့​ကို ငါ​ကျိန်​ထား​ခဲ့​ပြီ​။ ဧလိ​အိမ်သူအိမ်သား​တို့​၏​ဒုစရိုက်အပြစ်​သည် ယဇ်ပူဇော်​ခြင်း​၊ ဘောဇဉ်ပူဇော်သက္ကာ​ပူဇော်​ခြင်း​အားဖြင့် မည်သည့်​အခါ​မျှ​အပြစ်လွတ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ