အကျွန်ုပ်ပြစ်မှားမိခဲ့ကြောင်းကို အရှင့်အစေအပါးအကျွန်ုပ် သိပါ၏။ သို့ဖြစ်၍ ယနေ့ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကိုကြိုဆိုရန် ယောသပ်အမျိုးအနွယ်အပေါင်းတို့တွင် အကျွန်ုပ်သည် အဦးဆုံးရောက်လာသူဖြစ်ပါ၏”ဟု လျှောက်တင်လေ၏။
ထွက်မြောက် 10:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကို အလျင်အမြန်ဆင့်ခေါ်၍ “ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သင်တို့ကို ပြစ်မှားပါပြီ။ Common Language Bible ထိုအခါဘုရင်သည်မောရှေနှင့်အာရုန်တို့ ကို အလျင်အမြန်ခေါ်၍``ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှင့်သင်တို့ ကိုပြစ်မှားမိပါပြီ။- Garrad Bible ထို အ ခါ ဖာ ရော မင်း သည် မော ရှေ နှင့် အာ ရုန် တို့ ကို လျင် စွာ ခေါ်၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား လည်း ကောင်း၊ သင် တို့ အား လည်း ကောင်း ငါ ပြစ် မှား ပြီ။ Judson Bible ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့်အာရုန်ကို အလျင်အမြန်ခေါ်၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုလည်းကောင်း၊ သင်တို့ကိုလည်းကောင်း ငါပြစ်မှားပါပြီ။ |
အကျွန်ုပ်ပြစ်မှားမိခဲ့ကြောင်းကို အရှင့်အစေအပါးအကျွန်ုပ် သိပါ၏။ သို့ဖြစ်၍ ယနေ့ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကိုကြိုဆိုရန် ယောသပ်အမျိုးအနွယ်အပေါင်းတို့တွင် အကျွန်ုပ်သည် အဦးဆုံးရောက်လာသူဖြစ်ပါ၏”ဟု လျှောက်တင်လေ၏။
ဒါဝိဒ်မင်းကြီးသည် ထိုသို့ လူအရေအတွက်စာရင်းကို ကောက်ယူပြီးမှ နောင်တရသဖြင့် ထာဝရဘုရားအား “အကျွန်ုပ်သည် ကြီးမားသောအပြစ်ကိုကျူးလွန်မိပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော့်အစေအပါး၏အပြစ်ကို ဖြေလွှတ်တော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်မဲသောအမှုကို ပြုမိပါပြီ”ဟု လျှောက်ဆိုလေ၏။
လူတို့ကိုဒဏ်ခတ်သောကောင်းကင်တမန်ကို မြင်သောအခါ ဒါဝိဒ်မင်းကြီးက ထာဝရဘုရားအား “အပြစ်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ အမှားကျူးလွန်မိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့၌သာ ကိုယ်တော်၏လက်တော် ကျရောက်စေပါ”ဟု လျှောက်တင်လေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့ကိုခေါ်၍ “သွားကြလော့။ ဤပြည်၌သာ သင်တို့၏ဘုရားသခင်အား ယဇ်ပူဇော်ကြလော့”ဟု ဆိုလေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုဆင့်ခေါ်ပြီးလျှင် “ဤတစ်ကြိမ်ကား ငါပြစ်မှားမိပြီ။ ထာဝရဘုရားသာလျှင် ဖြောင့်မတ်တော်မူ၏။ ငါနှင့်ငါ့လူတို့မူကား ဆိုးယုတ်သောသူများဖြစ်ကြပါ၏။
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
ထို့ကြောင့် လူတို့သည် မောရှေထံသို့လာ၍ “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုလည်းကောင်း၊ သခင့်ကိုလည်းကောင်း ဆန့်ကျင်ပြောဆို၍ ပြစ်မှားမိကြပါပြီ။ ထိုမြွေများကို အကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးတော်မူပါမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပေးပါ”ဟု ဆိုကြသဖြင့် မောရှေသည် လူတို့အတွက် ဆုတောင်းပေးလေ၏။
ထိုအခါ ဗာလမ်က ထာဝရဘုရား၏ကောင်းကင်တမန်အား “အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆီးတားရန် လမ်း၌ရပ်နေသည်ကို အကျွန်ုပ်မသိပါ။ ကိုယ်တော်မနှစ်မြို့လျှင် အကျွန်ုပ်ပြန်သွားပါမည်”ဟု လျှောက်လေ၏။
“အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။
ထိုအခါ ရှောလုမင်းကြီးက ရှမွေလအား “အကျွန်ုပ် အပြစ်ပြုမိပါပြီ။ အကျွန်ုပ်သည် လူတို့ကိုကြောက်၍ သူတို့စကားကို နားထောင်မိသောကြောင့် ထာဝရဘုရား၏စကားတော်နှင့် အရှင်၏စကားကို လွန်ဆန်မိပါပြီ။
သို့သော် သူက “အကျွန်ုပ်ပြစ်မှားမိပါပြီ။ သို့သော် ယခု အကျွန်ုပ်၏လူမျိုး သက်ကြီးဝါကြီးတို့ရှေ့၊ အစ္စရေးလူမျိုးတို့ရှေ့တွင် အသရေမပျက်ရပါစေနှင့်။ အကျွန်ုပ်သည် အရှင်၏ဘုရားသခင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရပါမည့်အကြောင်း အကျွန်ုပ်နှင့်အတူ ပြန်လိုက်ခဲ့ပါ”ဟု ဆိုပြန်၏။
ထိုအခါ ရှောလုမင်းကြီးက “ငါအပြစ်ပြုမိလေပြီ။ ငါ့သားဒါဝိဒ်၊ ပြန်လာပါ။ သင့်ကို နောက်ထပ်အန္တရာယ်မပြုတော့ပါ။ ကြည့်ရှုလော့။ ငါသည် မိုက်မဲလျက် အမှားကြီးမှားနေသော်လည်း ယနေ့တွင် သင်သည် ငါ့အသက်ကို တန်ဖိုးထားလေပြီ”ဟု ပြန်အော်ပြောလေ၏။