Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 24:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဒါဝိဒ်​မင်းကြီး​သည် ထိုသို့ လူ​အရေအတွက်​စာရင်း​ကို ကောက်ယူ​ပြီးမှ နောင်တရ​သဖြင့် ထာဝရဘုရား​အား “​အကျွန်ုပ်​သည် ကြီးမား​သော​အပြစ်​ကို​ကျူးလွန်​မိ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် အလွန်​မိုက်မဲ​သော​အမှု​ကို ပြု​မိ​ပါ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​သန်း​ခေါင်​စာ​ရင်း ကောက်​ပြီး​သော​အ​ခါ​နောင်​တ​ရ​လျက် ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ဤ ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​အား​အပြစ်​ဖြေ​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​မိုက်​မဲ​စွာ​ပြု မိ​ပါ​ပြီ'' ဟု​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဒါ ဝိဒ် မင်း သည် လူ စာ ရင်း ယူ ပြီး နောက် နောင် တ ရ လျက် အ ကျွန်ုပ် ပြု မိ သည် မှာ ပြစ် မှား လှ ပါ ပြီ။ အို ထာ ဝ ရ ဘု ရား၊ အ လွန် မိုက် မှား မိ သော ကျွန် တော် မျိုး ၏ ဒု စ ရိုက် မှု ကို ပယ် ပ တော် မူ ပါ ဟု ထာ ဝ ရ ဘု ရား အား အ သ နား တော် ခံ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဒါ​ဝိဒ်​သည် လူ​တို့​ကို​ရေ​တွက်​ပြီး​မှ နောင်​တ​ရ၍၊ အ​ကျွန်ုပ်​ပြု​မိ​သော​အ​မှု၌ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်၏​အ​ပြစ်​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​လွန်​မိုက်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 24:10
27 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဒါဝိဒ်​မင်းကြီး​က နာသန်​အား “​ထာဝရဘုရား​ကို ငါ​ပြစ်မှား​မိ​ပါ​ပြီ​”​ဟု ဆို​လျှင် နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထာဝရဘုရား​သည် မင်းကြီး​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပြီ​ဖြစ်၍ မင်းကြီး မ​သေ​ရ​ပါ​။


လူ​တို့​ကို​ဒဏ်ခတ်​သော​ကောင်းကင်တမန်​ကို မြင်​သောအခါ ဒါဝိဒ်​မင်းကြီး​က ထာဝရဘုရား​အား “​အပြစ်ပြု​မိ​သူ​မှာ အကျွန်ုပ်​ဖြစ်​ပါ​၏​။ အမှား​ကျူးလွန်​မိ​သူ​မှာ အကျွန်ုပ်​ဖြစ်​ပါ​၏​။ ဤ​သိုး​တို့​မူကား မည်သည့်​အပြစ်​ကို ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​နှင့်​အကျွန်ုပ်​ဘိုးဘေး​၏​အိမ်သူအိမ်သား​တို့​၌​သာ ကိုယ်တော်​၏​လက်​တော် ကျရောက်​စေ​ပါ​”​ဟု လျှောက်တင်​လေ​၏​။


ကိုယ်တော့်​ကို​ပြစ်မှား​မိ​၍ ကိုယ်တော်​သည် သူ​တို့​ကို ဆုံးမ​သော​အားဖြင့် ကောင်းကင်​တံခါး​ကို​ပိတ်​လျက် မိုးခေါင်​စေ​သောအခါ သူ​တို့​သည် အပြစ်လမ်း​မှ​ပြန်လှည့်​၍ ကိုယ်တော်​၏​နာမ​တော်​ကို​ဝန်ခံ​လျက် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​လျှင်


ဤ​အမှု​သည် ဘုရားသခင်​ရှေ့​တွင် ဆိုးညစ်​သော​အမှု​ဖြစ်​သောကြောင့် အစ္စရေး​လူမျိုး​ကို ဒဏ်ခတ်​တော်မူ​ရာ


ဒါဝိဒ်​မင်းကြီး​က ဘုရားသခင်​အား “​အကျွန်ုပ်​သည် ဤ​အမှု​ကို​ပြု​ခြင်း​ဖြင့် ကြီးမား​သော​အပြစ်​ကို​ကျူးလွန်​မိ​ပါ​ပြီ​။ ကိုယ်တော့်​အစေအပါး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် အလွန်​မိုက်မဲသောအမှု​ကို ပြု​မိ​ပါ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။


ထာဝရဘုရား​၌ စိတ်နှလုံး​အကြွင်းမဲ့​ယုံကြည်ကိုးစား​သူ​တို့​ကို ခွန်အား​ဖြည့်ပေး​ရန် ကိုယ်တော်​သည် မြေကြီး​တစ်ပြင်လုံး​ကို အစဉ်​ကြည့်ရှု​တော်မူ​၏​။ သင်​မိုက်မဲ​စွာ​ပြု​မိ​ပြီ​ဖြစ်​သောကြောင့် ယခု​မှစ၍ သင်​သည် စစ်ပွဲ​များ​နှင့် ရင်ဆိုင်​ရ​တော့​မည်​”​ဟု ဆင့်ဆို​၏​။


သို့သော် ဟေဇကိ​မင်းကြီး​နှင့် ဂျေရုဆလင်​မြို့သား​တို့​သည် ဘဝင်မြင့်​ရာ​မှ မိမိကိုယ်ကို​နှိမ့်ချ​ကြ​သဖြင့် ဟေဇကိ​မင်းကြီး​လက်ထက်​တွင် သူ​တို့​အပေါ် ထာဝရဘုရား​၏​အမျက်​တော် မ​ကျရောက်​ခဲ့​ပေ​။


အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အဘယ်ကြောင့်​ခွင့်လွှတ်​တော်​မ​မူ​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို အဘယ်ကြောင့် ဖယ်ရှား​တော်​မ​မူ​ပါ​သနည်း​။ ယခု မြေမှုန့်​၌ အကျွန်ုပ်​အိပ်​ရ​ပါ​တော့​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကြိုးစားရှာ​သော်လည်း တွေ့​ရ​တော့​မည်​မ​ဟုတ်​ပါ”​ဟု ညည်းဆို​လေ​၏​။


အကျွန်ုပ်​သည် အကျွန်ုပ်​၏​အပြစ်​ကို ကိုယ်တော်​ထံ​ဝန်ချ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို​လည်း ဖုံးအုပ်​မ​ထား​ပါ​။ “​အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ထာဝရဘုရား​ထံ​ဖော်ပြဝန်ခံ​မည်​”​ဟု အကျွန်ုပ်​ပြောဆို​ခဲ့​ပါ​၏​။ ထိုအခါ ကိုယ်တော်​သည် အကျွန်ုပ်​၏​အပြစ်​ဒုစရိုက်​ကို ခွင့်လွှတ်​တော်မူ​၏​။(​စေလာ)


ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို အလျင်အမြန်​ဆင့်ခေါ်​၍ “​ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် သင်​တို့​ကို ပြစ်မှား​ပါ​ပြီ​။


မိမိ​ကျူးလွန်​သော​အပြစ်​များ​ကို ဖုံးကွယ်​ထား​သော​သူ​သည် ကြီးပွား​မည်​မ​ဟုတ်​။ ထို​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​၍ စွန့်ပယ်​သော​သူ​မူကား ကရုဏာ​တော်​ကို​ခံစား​ရ​လိမ့်မည်​။


သင်​တို့​သည် ထာဝရဘုရား​ထံ​ပြန်လာ​၍ “​အပြစ်​ရှိသမျှ ခွင့်လွှတ်​တော်မူ​ပါ​။ ကောင်း​သော​အရာ​တို့​ကို လက်ခံ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် နွားထီး​ကို​ပူဇော်​သကဲ့သို့ နှုတ်​ဖြင့်​ချီးမွမ်း​ပါ​မည်​။


ထာဝရဘုရား​က “​ယခုပင် ငါ့​ထံသို့ စိတ်နှလုံး​အကြွင်းမဲ့ ပြန်လာ​၍ အစာရှောင်​လျက် ငိုကြွေး​မြည်တမ်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။


အာရုန်​က မောရှေ​အား “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​တို့​သည် မိုက်မဲ​၍​ပြစ်မှား​မိ​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​။


အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ လောဘ​လွန်ကျူး​ခြင်း၊ ဆိုးညစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ မနာလို​ခြင်း၊ စော်ကား​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​သည် လူ​၏​အတွင်း သူ​၏​စိတ်နှလုံး​ထဲမှ ထွက်လာ​ကြ​၏။


နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။


သူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ အသက်ကြီး​သော​သူ​တို့​မှ​စ​၍ တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက်သွား​ကြ​သဖြင့် ယေရှု​တစ်ပါးတည်း​သာ အလယ်​၌​ရှိ​နေ​သော​ထို​မိန်းမ​နှင့် ကျန်ရစ်​ခဲ့​၏။


အို မိုက်မဲ​သော​လူမျိုး​၊ ပညာမဲ့​သော​လူမျိုး​၊ ဤနည်းဖြင့် ထာဝရဘုရား​ကို ကျေးဇူးဆပ်​ရ​သလော​။ ကိုယ်တော်​သည် သင်​၏​ဖခင်​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင် ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် သင့်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။


အကြောင်းမူကား တစ်ချိန်က ငါ​တို့​သည်​လည်း မိုက်မဲ​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ လမ်းလွဲ​သော​သူ​များ​ဖြစ်​ကြ​ပြီး အမျိုးမျိုး​သော တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​ခံစား​ခြင်း​တို့​၌​ကျွန်ခံ​၍ မကောင်းမှု​နှင့်​မလိုမုန်းထား​ခြင်း​တို့​၌​ကျင်လည်​ကြ​ကာ မုန်းတီး​ခြင်း​ခံရ​လျက် အချင်းချင်း​ကို​လည်း​မုန်းတီး​လျက်​နေ​ကြ​၏။


ငါ​တို့​သည် ကိုယ့်​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျှင် ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​၍ ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​သောကြောင့် ငါ​တို့​၏​အပြစ်​များ​ကို​ခွင့်လွှတ်​ပြီး ငါ​တို့​ကို မတရားမှု​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။


ထိုအခါ ရှမွေလ​က ရှောလု​မင်းကြီး​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​မိန့်မှာ​ထား​သော​ပညတ်တော်​တို့​ကို မ​စောင့်ထိန်း​ဘဲ မိုက်မဲ​စွာ​ပြု​မိ​လေ​ပြီ​တကား​။ စောင့်ထိန်း​ခဲ့​လျှင် အစ္စရေး​နိုင်ငံ​အား အစဉ်​အုပ်စိုး​ရ​သော​အခွင့်​ကို သင့်​အား ထာဝရဘုရား​ပေး​တော်မူ​မည်​သာ​ဖြစ်​၏​။


သို့သော် ဒါဝိဒ်​သည် ထိုသို့ ရှောလု​မင်းကြီး​၏​ဝတ်လုံစွန်း​ကို​ဖြတ်​မိ​သည့်​အတွက် စိတ်မကောင်း​ဖြစ်​လျက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​မိ​လေ​၏​။


ထို့ကြောင့် သူ့​နောက်လိုက်​တို့​အား “​ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော ငါ့​သခင်​ကို ကိုယ်ထိလက်ရောက်​ပြု​ခြင်း​မှ ထာဝရဘုရား​သည် ငါ့​ကို ဆီးတား​တော်မူ​ပါစေသော​။ အကြောင်းမူကား ထို​သခင်​သည် ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။


ထိုအခါ ရှောလု​မင်းကြီး​က “​ငါ​အပြစ်ပြု​မိ​လေ​ပြီ​။ ငါ့​သား​ဒါဝိဒ်​၊ ပြန်လာ​ပါ​။ သင့်​ကို နောက်ထပ်​အန္တရာယ်​မ​ပြု​တော့​ပါ​။ ကြည့်ရှု​လော့​။ ငါ​သည် မိုက်မဲ​လျက် အမှားကြီးမှား​နေ​သော်လည်း ယနေ့​တွင် သင်​သည် ငါ့​အသက်​ကို တန်ဖိုးထား​လေ​ပြီ”​ဟု ပြန်​အော်ပြော​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ