အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 30:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင့်​ရန်သူ​တို့​အပေါ်​၊ သင့်​ကို​မုန်းတီး​၍ ညှဉ်းဆဲ​သော​သူ​တို့​အပေါ် ထို​ကျိန်​ခြင်း​ရှိသမျှ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား ကျရောက်​စေ​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​ကို​မုန်း​၍​နှိပ်​စက်​ညှဉ်း​ဆဲ​သော ရန်​သူ​များ​အ​ပေါ်​သို့ ထို​အ​မင်္ဂ​လာ​ရှိ သ​မျှ​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ အား ညှဉ်း ပန်း မုန်း ထား သော ရန် သူ တို့ အ ပေါ် တွင် ထို အ မင်္ဂ လာ အ လုံး စုံ ကို သင့် စေ တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

သင်၏​ရန်​သူ​တည်း​ဟူ​သော သင့်​ကို​မုန်း၍ ညှဉ်း​ဆဲ​သော​သူ​တို့​အ​ပေါ်၌​လည်း၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ကျိန်​ခြင်း​အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​ကို သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 30:7
28 ပူးပေါင်းရင်းမြစ်များ  

သင်​သည် သူ​၏​စကား​ကို သေချာ​စွာ​နားထောင်​၍ ငါ​မိန့်ဆို​သော​အရာ​ရှိသမျှ​တို့​ကို​ပြုကျင့်​လျှင် သင့်​ရန်သူ​တို့​သည် ငါ့​ရန်သူ​ဖြစ်​မည်​။ သင့်​ကို​ရန်ပြု​သော​သူ​တို့​ကို ငါ​ရန်ပြု​မည်​။


ဘုရားရှင်​သည် ဇိအုန်​တောင်​နှင့်​ဂျေရုဆလင်​မြို့​၌ ပြု​ရ​မည့်​အမှု​ရှိသမျှ​ကို ပြု​ပြီး​သောအခါ စိတ်နှလုံး​ခက်ထန်​သော​၊ မျက်နှာ​ထောင်လွှား​သော အဆီးရီးယား​ဘုရင်​ကို အပြစ်ဒဏ်​ပေး​မည်​။


ကြည့်ရှု​လော့​။ ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော​မြို့​ကို​ပင် ဘေးဒုက္ခ စ​ရောက်​စေ​မည်​ဖြစ်၍ သင်​တို့​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​လော​။ ငါ​သည် မြေကြီးသား​အပေါင်း​တို့​ထံ ဓား​ကို စေလွှတ်​မည်​ဖြစ်၍ သင်​တို့​သည် အပြစ်ဒဏ်​မ​ခံရ​ဘဲ​နေ​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။


သင့်​ကို ဝါးမျို​သော​သူ​အပေါင်း​တို့​သည် ဝါးမျို​ခြင်း​ကို​ခံရ​လိမ့်မည်​။ သင်​၏​ရန်သူ​အပေါင်း​တို့​သည် တစ်ယောက်မကျန် ဖမ်းခေါ်​သွား​ရာ​သို့ လိုက်ပါ​ရ​လိမ့်မည်​။ သင့်​ကို တိုက်ခိုက်လုယက်​သော​သူ​တို့​သည်​လည်း တိုက်ခိုက်လုယက်​ခြင်း​ခံရ​မည်​။ သင့်​ကို သိမ်းပိုက်​သော​သူ​အပေါင်း​တို့​သည် သိမ်းပိုက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ဧဒုံ​လူမျိုး​သည် ယုဒ​အမျိုး​ကို ရက်ရက်စက်စက်​လက်တုံ့ပြန်​ခဲ့​၏​။ ထိုသို့​လက်တုံ့ပြန်​ခြင်း​ဖြင့် ကြီးလေး​သော​အပြစ်​ကို ပြု​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ဖိလိတ္တိ​လူမျိုး​တို့​သည် ရှေးယခင်​ကပင်​အငြိုး​ထား​လျက် မလိုတမာစိတ်​ဖြင့် ရက်ရက်စက်စက်​လက်တုံ့ပြန်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။


အမ္မုန်​အမျိုးသား​တို့​အား ဘုရားရှင်​ထာဝရဘုရား​၏ စကား​တော်​ကို နားထောင်​ကြ​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သန့်ရှင်းရာဌာန ညစ်ညူး​သွား​ခဲ့​စဉ်က​၊ အစ္စရေး​ပြည်​ကြီး ဆိတ်သုဉ်း​သွား​ခဲ့​စဉ်က​၊ ယုဒ​အမျိုး ဖမ်းခေါ်​သွား​ခြင်း​ခံရ​စဉ်က သင်​တို့​ဟားတိုက်​ခဲ့​ကြ​သောကြောင့်


ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် ဝမ်းမြောက်ဝမ်းသာ​လက်ခုပ်တီး​ကခုန်​လျက် အစ္စရေး​ပြည်​ကို ပြောင်လှောင်​သောကြောင့်


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မောဘ​ပြည်​နှင့် စိရ​ပြည်​တို့​က ယုဒ​အမျိုး​သည် လူမျိုးခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​ဟု ဆို​ကြ​သောကြောင့်


တစ်ဖန် ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ကို သနားညှာတာစိတ်​မ​ထား​၊ ဓား​နှင့်​လိုက်လံ​ညှဉ်းဆဲ​တတ်​၏​။ အမျက်မပြေ​၊ ဒေါသ​ထွက်​လျက် ကိုက်ဖဲ့​တတ်​၏​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အမ္မုန်​အမျိုးသား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် နယ်မြေ​ချဲ့ထွင်​ရာ​၌ ဂိလဒ်​ပြည်​ရှိ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို ခွဲပစ်​ကြ​၏​။


ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “ဒမတ်စကပ်​မြို့သား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ဂိလဒ်​ပြည်​ကို ကောက်နယ်​သံ​တလိမ့်တုံး​ဖြင့် နင်းနယ်​လေ​ပြီ​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “​ဂါဇ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ပြည်သူ​တစ်ရပ်လုံး​ကို​ဖမ်းခေါ်​သွား​ပြီး ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။


တစ်ဖန် ထာဝရဘုရား​က “​တိုင်ရာ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ဖွဲ့​သော​ပဋိညာဉ်​ကို မ​အောက်မေ့​ဘဲ ပြည်သူ​တစ်ရပ်လုံး​ကို ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။


သင့်​ညီ​ယာကုပ်​ကို ရက်စက်​ခဲ့​သော​အမှု​ကြောင့် သင်​သည် အရှက်​ကို ခြုံ​ရ​လိမ့်မည်​။ ထာဝရ​တိမ်မြုပ်​သွား​ရ​လိမ့်မည်​။


ထို​နေ့ရက်​တွင် ငါ​သည် ဂျေရုဆလင်​မြို့​ကို လူမျိုး​အပေါင်း​တို့​အဖို့ အလွန်​လေးလံ​သော​ကျောက် ဖြစ်​စေ​မည်​။ ထို​ကျောက်​ကို ချီမ​သော​သူ​တိုင်း ဒဏ်ရာ​အပြင်းအထန် ရ​လိမ့်မည်​။ မြေကြီး​ပေါ်ရှိ လူမျိုးတကာ​တို့​သည် ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​ရန် စုဝေး​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ယခု ငါ့​လူမျိုး​ထံသို့ ငါ​ပြန်သွား​မည်​။ နောင်​အခါ ဤ​လူမျိုး​သည် သင့်​လူမျိုး​ကို မည်သို့​ပြု​မည်​ကို သင့်​အား ငါ​သတိပေး​ခဲ့​မည်​”​ဟု ဆို​၍


သူ​သည် လဲလျောင်း​လျက် နေ​၏​။ ခြင်္သေ့ထီး​ကဲ့သို့​၊ ခြင်္သေ့မ​ကဲ့သို့ အိပ်​လျက် နေ​၏​။ သူ့​ကို မည်သူ​နှိုး​ဝံ့​သနည်း​။ သင့်​ကို ကောင်းချီးပေး​သော​သူ​သည် ကောင်းချီးခံစား​ရ​မည်​။ သင့်​ကို ကျိန်ဆဲ​သော​သူ​သည် ကျိန်ဆဲ​ခြင်း ခံရ​မည်​’ ”​ဟု ဆို​၏​။


သင်​မူကား ပြန်လာ​၍ ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​လျက် ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​ကို လိုက်နာ​လိမ့်မည်​။


ထာဝရဘုရား​သည် အနာရောဂါ​ရှိသမျှ​တို့​ကို သင့်​ထံမှ ဖယ်ရှား​ပေး​တော်မူ​မည်​။ သင်​သိ​ခဲ့​သည့် အီဂျစ်​ပြည်​၏​ဆိုးရွား​သော​ရောဂါဝေဒနာ​ရှိသမျှ​တို့​ကို သင့်​အပေါ်​သို့ ကျရောက်​စေ​တော်​မ​မူ​ဘဲ သင့်​ကို​မုန်း​သော​သူ​အပေါင်း​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​မည်​။