တရားဟော 30:7 - Common Language Bible7 သင်တို့ကိုမုန်း၍နှိပ်စက်ညှဉ်းဆဲသော ရန်သူများအပေါ်သို့ ထိုအမင်္ဂလာရှိ သမျှကိုကျရောက်စေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible7 သင် တို့ အား ညှဉ်း ပန်း မုန်း ထား သော ရန် သူ တို့ အ ပေါ် တွင် ထို အ မင်္ဂ လာ အ လုံး စုံ ကို သင့် စေ တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible7 သင်၏ရန်သူတည်းဟူသော သင့်ကိုမုန်း၍ ညှဉ်းဆဲသောသူတို့အပေါ်၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်းအမင်္ဂလာရှိသမျှတို့ကို သက်ရောက်စေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သင့်ရန်သူတို့အပေါ်၊ သင့်ကိုမုန်းတီး၍ ညှဉ်းဆဲသောသူတို့အပေါ် ထိုကျိန်ခြင်းရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရား ကျရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ငါသည်ဖျက်ဆီးရန်လုပ်ငန်းကိုငါ၏နာမ တော်ကိုဆောင်သောမြို့တော်မှအစပြုမည်။ ထိုမြို့သားတို့သည်အပြစ်ဒဏ်ခံရကြ တော့မည်မဟုတ်ဟုထင်မှတ်ကြသလော။ ငါသည်ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့ ထံသို့စစ်မက်အန္တရာယ်ကိုစေလွှတ်မည် ဖြစ်၍ သူတို့သည်အမှန်ပင်အပြစ်ဒဏ်ခံ ရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍ သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။ သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊ သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။
ထိုပြည်သူတို့အားငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကိုနားထောင်ကြလော့၊ အရှင် ထာဝရဘုရားဤသို့မိန့်တော်မူ၏။ သင်တို့ သည်ငါ၏ဗိမာန်တော်ညစ်ညမ်းသွားသည် ကိုလည်းကောင်း၊ ဣသရေလပြည်ပျက်ပြုန်း သွားခြင်း၊ ယုဒအမျိုးသားတို့ပြည်နှင်ဒဏ် သင့်ကြခြင်းကိုမြင်သောအခါဝမ်းမြောက် ကြ၏။-
ထာဝရဘုရားက``ဧဒုံပြည်သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်ညီအစ်ကိုချင်း ဣသရေလတို့ကိုမရမကလိုက်၍ မညှာမတာညှင်းဆဲခဲ့ပြီ။ သူတို့၏ အမျက်ဒေါသကိုဘယ်အခါမျှ မပြေစေဘဲကမ်းကုန်လောက်အောင် ပင်ပြင်းထန်စေခဲ့သည်။-