Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 30:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သင်​မူကား ပြန်လာ​၍ ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​လျက် ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​ကို လိုက်နာ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သင်​တို့​သည်​လည်း​ကိုယ်​တော်​၏​အ​မိန့်​ကို တစ်​ဖန်​နာ​ခံ​၍ ငါ​ယ​နေ့​သင်​တို့​အား ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သင် တို့ မှာ မူ၊ ထာ ဝ ရ ဘု ရား ထံ ပြန် လာ၍ နာ ခံ လျက်၊ ယ နေ့ ငါ ဆင့် ဆို သ မျှ သော ပ ညတ် တော် များ ကို လိုက် နာ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သင်​သည်​ပြန်​လာ​လျက် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်၍၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 30:8
14 ပူးပေါင်းရင်းမြစ်များ  

စိတ်နှလုံး​၏​တွေးတောကြံစည်မှု​တို့​သည် လူ​နှင့်​ဆိုင်​၏​။ လျှာ​ဖြေကြား​သော​စကား​မူကား ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။


ထာဝရဘုရား​က “​ထို​ကာလ​ပြီးနောက် အစ္စရေး​လူမျိုး​တို့​နှင့် ငါ​ဖွဲ့​မည့်​ပဋိညာဉ်​သစ်​ကား ဤသို့​ဖြစ်​၏​။ သူ​တို့​၏​စိတ်နှလုံး​ထဲသို့ ငါ​၏​ပညတ်တရား​ကို သွင်းပေး​မည်​။ သူ​တို့​၏​နှလုံးသား​ပေါ်တွင် ရေး​ထား​မည်​။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ယုဒ​အမျိုးသား​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော ငါ​၏​အကြံအစည်​ကို သူ​တို့​ကြား​လျှင် သူ​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ ပြန်လာ​ကောင်း​ပြန်လာ​ကြ​လိမ့်မည်​။ သို့ပြုလျှင် သူ​တို့​၏​အပြစ်​ဒုစရိုက်​များ​ကို ငါ​ခွင့်လွှတ်​မည်​”​ဟု မိန့်ဆို​၏​။


ငါ့​ဝိညာဉ်​ကို​လည်း သင်​တို့​အထဲ​သို့ သွင်းပေး​၍ ငါ​၏​တရားလမ်း​များ​သို့ လိုက်လျှောက်​စေ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​စေ​မည်​။


ငါ့​အစေအပါး​ဒါဝိဒ်​သည် သူ​တို့​ကို​အုပ်စိုး​သည့်​ဘုရင်​ဖြစ်​မည်​။ သူ​တို့​အားလုံး သိုးထိန်း​တစ်ပါးတည်း​သာ​ရှိ​မည်​။ သူ​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​၍ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ကြ​လိမ့်မည်​။


လက်ဝါးကပ်တိုင်​တွင် ရန်ငြိုး​ကို​သုတ်သင်​ပြီး လက်ဝါးကပ်တိုင်​အားဖြင့် ငါ​တို့​နှစ်မျိုးစလုံး​ကို ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​ဖြစ်​၏။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံသို့ ပြန်လာ​၍ သင်​နှင့်​သင်​၏​သားသမီး​တို့​သည် ယနေ့ သင့်​အား ငါ​မိန့်မှာ​သမျှ​အတိုင်း စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စကား​တော်​ကို နားထောင်​လျှင်


သင့်​ရန်သူ​တို့​အပေါ်​၊ သင့်​ကို​မုန်းတီး​၍ ညှဉ်းဆဲ​သော​သူ​တို့​အပေါ် ထို​ကျိန်​ခြင်း​ရှိသမျှ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား ကျရောက်​စေ​တော်မူ​မည်​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​လုပ်ဆောင်​လေရာရာ​၌​အောင်မြင်​စေ​တော်မူ​မည့်​အကြောင်း​၊ သင့်​သားသမီး​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​၊ သင့်​မြေ​၏​အသီးအနှံ​ကို​လည်း တိုးပွား​စေ​တော်မူ​မည့်​အကြောင်း​၊ ထာဝရဘုရား​သည် သင်​၏​ဘိုးဘေး​တို့​ကို​ကောင်းစား​စေ​တော်မူ​ရာ​၌ နှစ်သက်အားရ​တော်မူ​သကဲ့သို့ သင်​၌​လည်း နှစ်သက်အားရ​တော်မူ​မည့်​အကြောင်း


အကြောင်းမူကား စေတနာ​တော်​အတိုင်း ဆန္ဒ​ရှိ​ကြ​စေရန်​နှင့် လုပ်ဆောင်​ကြ​စေရန် သင်​တို့​အထဲ၌​လုပ်ဆောင်​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ