တောလည် 24:9 - မြန်မာ့စံမီသမ္မာကျမ်း9 သူသည် လဲလျောင်းလျက် နေ၏။ ခြင်္သေ့ထီးကဲ့သို့၊ ခြင်္သေ့မကဲ့သို့ အိပ်လျက် နေ၏။ သူ့ကို မည်သူနှိုးဝံ့သနည်း။ သင့်ကို ကောင်းချီးပေးသောသူသည် ကောင်းချီးခံစားရမည်။ သင့်ကို ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်း ခံရမည်’ ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible9 ဣသရေလနိုင်ငံသည်ခွန်အားကြီးသော ခြင်္သေ့နှင့်တူ၏။ သူအိပ်နေသောအခါမည်သူမျှသူ့ကိုမနှိုးဝံ့။ ဣသရေလအမျိုးသားတို့ကိုကောင်းချီးပေး သော သူသည်ကောင်းချီးပေးခြင်းကိုခံရမည်။ ဣသရေလအမျိုးသားတို့ကိုကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်းကိုခံရမည်။'' အခန်းကိုကြည့်ပါ။Garrad Bible9 သီ ဟ ခြင်္သေ့ ကဲ့ သို့ ငုံ့ လျက် ဝပ် လျက် နေ ရာ မည် သူ ဆွ ဝံ့ မည် နည်း။ သင့် ကို မင်္ဂ လာ ပေး သူ တို့ သည် မင်္ဂ လာ ခံ ရ ကြ စေ သော။ အ မင်္ဂ လာ ပေး သူ တို့ သည် အ မင်္ဂ လာ ခံ ရ ကြ စေ သော ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible9 ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ခြင်္သေ့မကဲ့သို့လည်းကောင်း ဝပ်တွားလေ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။ သင့်ကိုကောင်းချီးပေးသောသူသည် ကောင်းချီးမင်္ဂလာရှိ၏။ သင့်ကို ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်းကိုခံရသည်ဟု မြွက်ဆို၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။
ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။
ထာဝရဘုရားက “ခြင်္သေ့ကြီးနှင့် ခြင်္သေ့ပျိုက သားကောင်ကို မာန်ဖီသောအခါ သိုးထိန်းအပေါင်းတို့ကိုခေါ်၍ ခြောက်လှန့်စေသော်လည်း သိုးထိန်းတို့၏အသံကိုမကြောက်၊ သူတို့၏ဆူဆူညံညံအသံကို မလန့်။ ထိုနည်းတူ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်တိုက်ရန် ဇိအုန်တောင်၊ ဇိအုန်တောင်ကုန်းပေါ်၌ဆင်းသက်တော်မူမည်။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် တောတိရစ္ဆာန်တို့အလယ်မှ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်တို့အလယ်မှ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း လူမျိုးခြားတို့အလယ်၊ လူများစွာတို့ကြားတွင် ရှိနေလိမ့်မည်။ ထိုခြင်္သေ့တို့သည် သွားလာ၍ မည်သူမျှမကယ်နိုင်အောင် စားသောက်ကိုက်ဖြတ်တတ်၏။
ဤလူမျိုးသည် အကျွန်ုပ်ထက်အင်အားကြီးသောကြောင့် ယခုလာ၍ အကျွန်ုပ်အတွက် သူတို့ကို ကျိန်ဆဲပါလော့။ အကျွန်ုပ်သည် သူတို့ကိုတိုက်ခိုက်၍ ဤပြည်ထဲမှ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့်မည်။ သင်ကောင်းချီးပေးသောသူသည် ကောင်းချီးခံစားရ၍ သင်ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်းခံရသည်ကို အကျွန်ုပ်သိ၏”ဟု ဆင့်ဆိုစေ၏။