အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 20:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​အမွေ​အဖြစ်​ပေး​တော်မူ​သော

အခန်းကိုကြည့်ပါ။

Common Language Bible

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော၊ ဟိ တ္တိ၊ အာ မော ရိ၊ ခါ နနိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး ခြား တို့ ပိုင် ဆိုင် ရာ မြို့ ရွာ များ မှာ မူ ချင်း တို့ ဘု ရား များ အား ရွံ ရှာ ဖွယ် ဝတ် ပြု ခြင်း အ လိုက် သင် ကြား၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို မ ပြစ် မှား အံ့ သော ငှါ၊ အ မိန့် တော် အ တိုင်း မြေ လှန် လျက်၊ ဇီ ဝ သက် ရှိ တစ် စုံ တစ် ရာ ကို မျှ အ ရှင် မ ထား ကြ လင့်။

အခန်းကိုကြည့်ပါ။

Judson Bible

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့၊ ဤ​လူ​မျိုး​နေ​ရာ​မြို့​တို့၌ အ​သက်​ရှူ​သော လူ​သ​တ္တ​ဝါ​တစ်​စုံ​တစ်​ယောက်​ကို​မျှ အ​သက်​မ​ရှင်​စေ​ရ။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 20:16
25 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သူ တစ်စုံတစ်ယောက်​မျှ​မ​ရှိ​သည့်​တိုင်အောင် ရှင်ဘုရင်​နှင့်​သူ့​သား​များ​မှစ၍ သူ့​လူ​အပေါင်း​တို့​ကို တိုက်ခိုက်​ပြီးလျှင် သူ​၏​ပြည်​ကို သိမ်းပိုက်​လေ​၏​။


ထို့ကြောင့် ယခု ယောက်ျား​သူငယ်​အားလုံး​၊ ယောက်ျား​နှင့်​ဆက်ဆံ​ဖူး​သော​မိန်းမ​အားလုံး​ကို သတ်ပစ်​လော့​။


ထို​ပြည်​၌​နေထိုင်​သော​သူ​ရှိသမျှ​တို့​ကို သင်​တို့​ရှေ့​မှ နှင်ထုတ်​၍ သူ​တို့​၏​ကျောက်ဆစ်​ရုပ်တု​ရှိသမျှ​တို့​ကို ဖျက်ဆီး​ရ​မည်​။ သူ​တို့​သွန်းလုပ်​သော​ရုပ်တု​ရှိသမျှ​တို့​ကို​လည်း ဖျက်ဆီး​၍ သူ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​ရှိသမျှ​တို့​ကို ဖြိုဖျက်​ရ​မည်​။


ဤ​နေရာ​၌​ရှိ​သော​လူမျိုး​တို့​၏​မြို့​မ​ဟုတ်​သည့် အဝေး​၌​ရှိ​သော​မြို့​ရှိသမျှ​တို့​ကို​လည်း ထိုသို့​ပြု​ရ​မည်​။


ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး တို့​၏​မြို့​များ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အကုန်အစင်​ဖျက်ဆီး​ရ​မည်​။ မည်သည့်​သက်ရှိသတ္တဝါ​ကို​မျှ အသက်ချမ်းသာ​မ​ပေး​ရ​။


ထို​မိန်းမ​ကို​ကွာရှင်း​ခဲ့​သော​ပထမ​လင်ယောက်ျား​သည် ညစ်ညူး​ပြီ​ဖြစ်​သော​ထို​မိန်းမ​နှင့် ပြန်​၍​စုံဖက်​ခွင့်​မ​ရှိ​။ အကြောင်းမူကား ထို​အမှု​သည် ထာဝရဘုရား​ရှေ့​တော်​၌ စက်ဆုပ်ရွံရှာဖွယ်​အမှု​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​အပေါ် အပြစ်​မ​သက်ရောက်​စေ​နှင့်​။


ထာဝရဘုရား​သည် သူ​တို့​ကို သင်​တို့​၌​အပ်​တော်မူ​မည်​ဖြစ်၍ ငါ​မှာကြား​သော​ပညတ်တော်​ရှိသမျှ​အတိုင်း သူ​တို့​ကို​ပြု​ရ​မည်​။


ထာဝရဘုရား​သည် သင်​တို့​ကြောင့် ငါ့​ကို အမျက်ထွက်​၍ ဂျော်ဒန်​မြစ်​ကို ငါ​မ​ကူး​ရ​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား အမွေ​အဖြစ်​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​သို့ ငါ​မ​ဝင်​ရ​ဟု ကျိန်ဆို​တော်မူ​ခဲ့​၏​။


သင့်​လက်​သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အပ်​တော်မူ​သည့် လူမျိုး​အပေါင်း​တို့​ကို​ဖျက်ဆီး​ရ​မည်​။ ထို​သူ​တို့​ကို မ​သနား​ရ​။ သူ​တို့​၏​ဘုရား​များ​ကို ဝတ်​မ​ပြု​ရ​။ ဝတ်ပြု​လျှင် သင့်​အတွက် ထောင်ချောက်​သဖွယ်​ဖြစ်​လိမ့်မည်​။


ယောရှု​နှင့်​အစ္စရေး​အမျိုးသား​တို့​သည် ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး အပြီးတိုင်​ချေမှုန်း​ခဲ့​၏​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် ခံတပ်​မြို့​သို့ ပြေးဝင်​ကြ​၏​။


ထို​နေ့​မှာပင် ယောရှု​သည် မက္ကဒါ​မြို့​ကို သိမ်းပိုက်​ပြီး မြို့သူမြို့သား​နှင့် ရှင်ဘုရင်​ကို ဓား​ဖြင့်​လုပ်ကြံ​၏​။ သူ​တို့​ကို တစ်ယောက်မကျန်​သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ တစ်ယောက်​မျှ​မ​ရှိ​။ ဂျေရိခေါ​ဘုရင်​ကို ပြု​သကဲ့သို့ မက္ကဒါ​ဘုရင်​ကို ပြု​လေ​၏​။


ယောရှု​သည် တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၊ မြေနိမ့်ဒေသ​၊ တောင်စောင်း​တစ်လျှောက် စသည့် ထို​နယ်မြေ​တစ်ခွင်လုံး​နှင့် ရှင်ဘုရင်​အပေါင်း​တို့​ကို လုပ်ကြံ​လေ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​သည့်​အတိုင်း သက်ရှိ​ဟူသမျှ​ကို သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်​မျှ​မ​ရှိ​။


အစ္စရေး​အမျိုးသား​တို့​သည် ထို​မြို့​တို့​မှ တိုက်ယူ​သော​ပစ္စည်း​နှင့် တိရစ္ဆာန် ရှိသမျှ​တို့​ကို သိမ်းယူ​၍ လူ​တို့​ကို​မူ တစ်​ယောက်​မ​ကျန် ဓား​ဖြင့်​သုတ်သင်ပယ်ရှင်း​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ တစ်ယောက်မျှ​မ​ရှိ​။


ထို့နောက် သူ​တို့​သည် မြို့​နှင့်တကွ မြို့​ထဲ၌​ရှိသမျှ​တို့​ကို မီး​ရှို့​ပစ်​၏​။ ရွှေ​၊ ငွေ​မှစ၍ ကြေးနီ​၊ သံ​အသုံးအဆောင်​တို့​ကို​မူကား ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​လေ​၏​။


ထို​နေ့​၌ အာဣ​မြို့သား ယောက်ျား​၊ မိန်းမ စုစုပေါင်း တစ်သောင်းနှစ်ထောင် ကျဆုံး​လေ​၏​။


သင်​တို့​သည် မြို့​ကို​သိမ်း​ပြီး​သည်​နှင့် မီး​ရှို့​ပစ်​ရ​မည်​။ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သင်​တို့​ပြု​ရ​မည်​။ သင်​တို့​ကို ငါ​အမိန့်ပေး​ပြီ​”​ဟု မှာကြား​လေ​၏​။


သူ​တို့​က​လည်း ယောရှု​အား “​အရှင်​တို့​ရှေ့မှောက်​တွင် ဤ​ပြည်သား​တို့​ကို သုတ်သင်ပယ်ရှင်း​ပြီး ပြည်​တစ်ပြည်လုံး​ကို အရှင်​တို့​အား​ပေး​မည်​ဟု အရှင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က မိမိ​အစေအပါး​မောရှေ​အား မိန့်​တော်မူ​ခဲ့​သည်​ကို အရှင့်​အစေအပါး​တို့ ကောင်း​စွာ​သိ​ထား​ပြီ​။ အကျွန်ုပ်​တို့​လည်း အသတ်​ခံရ​မည်​ကို ကြောက်​လွန်း​သဖြင့် ဤသို့​ပြု​ခြင်း​ဖြစ်​ပါ​၏​။


ထို​နေ့​၌ပင် သူ​တို့​ကို ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​အရပ်​၌​တည်​သော​ယဇ်ပလ္လင်​နှင့် အစ္စရေး​လူထု​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် ယောရှု​စီရင်​ပေး​ထား​၍ ယနေ့​တိုင်အောင် ထို​အမှု​ကို သူ​တို့​ပြု​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​က​လည်း “​သင်​တို့​နှင့် မိတ်​မ​ဖွဲ့​နိုင်​။ သင်​တို့​သည် ငါ​တို့ အနီးအနား​၌ နေထိုင်​သူ​များ​လည်း ဖြစ်​နိုင်​ပါ​သည်​”​ဟု ဟိဝိ​လူမျိုး​တို့​အား ပြန်ပြော​၏​။


ယခု သွား​၍ အာမလက်​လူမျိုး​တို့​ကို တိုက်ခိုက်​လော့​။ သူ​တို့​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ဖျက်ဆီး​ပစ်​လော့​။ မ​နှမြော​နှင့်​။ ယောက်ျား​၊ မိန်းမ​၊ ကလေး​မှစ၍ နို့စို့​ကလေးသူငယ်​များ​အပါအဝင် နွား​၊ သိုး​၊ ကုလားအုတ်​၊ မြည်း​တို့​ကို သတ်ဖြတ်​လော့​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​၏​။