ထိုနွားမတမ်းကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။ သူသည် ထိုနွားမတမ်းကို တပ်စခန်းအပြင်ဘက်သို့ ထုတ်သွား၍ သူ့ရှေ့၌ သတ်စေရမည်။
ယဇ်ပုရောဟိတ်ဧလာဇာထံသို့ယူဆောင်ခဲ့ ရသည်။ နွားကိုစခန်းအပြင်သို့ထုတ်၍ ယဇ်ပုရောဟိတ်၏ရှေ့မှောက်တွင်သတ်ရမည်။-
ပ ရော ဟိတ် ဧ လာ ဇာ့ ထံ သင် တို့ အပ် လွှဲ ကြ သော် ပ ရော ဟိတ် ဧ လာ ဇာ သည် တပ် စ ခန်း ပြင် သို့ ထုတ် လျက် ကိုယ့် မျက် မှောက် တွင် စီ ရင် စေ ပြီး နောက်၊
ယဇ်ပုရောဟိတ်ဧလာဇာ၌အပ်၍ တပ်ပြင်သို့ဆောင်သွားပြီးမှ၊ သူ့ရှေ့၌ အခြားသူသတ်ရမည်။
သန့်ရှင်းရာဌာနထဲ၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် အသွေးယူဆောင်သွားခြင်းခံရသည့် အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးနှင့် အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်သငယ်ကို တပ်စခန်း၏အပြင်ဘက်သို့ ယူဆောင်သွား၍ ၎င်းတို့၏အရေခွံ၊ အသား၊ မစင်တို့ကို မီးရှို့ပစ်ရမည်။
“ထိုကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ ထုတ်ဆောင်သွားလော့။ သူ၏ကျိန်ဆဲစကားကို ကြားသောသူတိုင်း သူ၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထို့နောက် လူထုတစ်ရပ်လုံး သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
သို့သော် နွားထီး၏အရေခွံ၊ အသားအားလုံးနှင့်တကွ ဦးခေါင်းနှင့် ခြေထောက်၊ အူနှင့် မစင်မှစ၍
နွားထီးကိုယ်ထည်တစ်ကိုယ်လုံးကို ပြာပုံထားရာတပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ယူသွား၍ ထင်းမီးပေါ်၌ ရှို့ရမည်။ ပြာပုံထားရာ နေရာတွင် ရှို့ရမည်။
ထိုနွားထီးကို တပ်စခန်း၏အပြင်ဘက်သို့ ယူသွား၍ ပထမနွားထီးကိုရှို့သည့်အတိုင်း ရှို့ရမည်။ ဤသည်ကား လူအစုအဝေးအတွက်အပြစ်ဖြေရာယဇ်ဖြစ်၏။
မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လူထုအပေါင်းတို့သည် ထိုသူကို တပ်စခန်းအပြင်ဘက်သို့ ထုတ်ဆောင်သွား၍ ခဲနှင့်ပေါက်သတ်ကြသဖြင့် သူသေလေ၏။
စင်ကြယ်သောယောက်ျားတစ်ယောက်က နွားမတမ်း၏ပြာကို စုသိမ်း၍ တပ်စခန်းအပြင်ဘက် စင်ကြယ်သောနေရာတွင် ထားရမည်။ ထိုပြာကို အစ္စရေးအမျိုးသားလူထုအပေါင်းတို့၏အပြစ်ဖြေလွှတ်ခြင်းအတွက် စင်ကြယ်စေခြင်းရေ ဖော်စပ်ရန် သိမ်းထားရမည်။
နာဒပ်နှင့်အဘိဟုသည် သိနာတောကန္တာရတွင် ထာဝရဘုရားရှေ့တော်၌ မိန့်မှာထားတော်မူသောမီးမဟုတ်သည့် အခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။ သူတို့၌သားသမီးမရှိ။ သို့ဖြစ်၍ ဧလာဇာနှင့်ဣသမာသည် မိမိတို့ဖခင်အာရုန်၏ရှေ့၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြ၏။
“ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ အနာကြီးရောဂါစွဲသောသူရှိသမျှ၊ အရိအရွဲထွက်သောသူရှိသမျှ၊ အသေကောင်ကြောင့်မစင်ကြယ်သောသူရှိသမျှတို့ကို တပ်စခန်းထဲမှ ထွက်သွားစေရမည်။