Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 19:3 - Common Language Bible

3 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ထံ​သို့​ယူ​ဆောင်​ခဲ့ ရ​သည်။ နွား​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​၏​ရှေ့​မှောက်​တွင်​သတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ပ ရော ဟိတ် ဧ လာ ဇာ့ ထံ သင် တို့ အပ် လွှဲ ကြ သော် ပ ရော ဟိတ် ဧ လာ ဇာ သည် တပ် စ ခန်း ပြင် သို့ ထုတ် လျက် ကိုယ့် မျက် မှောက် တွင် စီ ရင် စေ ပြီး နောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၌​အပ်၍ တပ်​ပြင်​သို့​ဆောင်​သွား​ပြီး​မှ၊ သူ့​ရှေ့၌ အ​ခြား​သူ​သတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို​နွားမတမ်း​ကို ယဇ်ပုရောဟိတ်​ဧလာဇာ​အား ပေး​ရ​မည်​။ သူ​သည် ထို​နွားမတမ်း​ကို တပ်စခန်း​အပြင်ဘက်​သို့ ထုတ်သွား​၍ သူ့​ရှေ့​၌ သတ်​စေ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 19:3
11 ပူးပေါင်းရင်းမြစ်များ  

အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​များ​ဖြစ်​သည့်​နွား နှင့်​ဆိတ်​သွေး​ကို အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ထဲ​သို့​ယူ​ဆောင်​ပြီး​နောက် ယဇ်​ကောင် များ​၏​အ​သား၊ သား​ရေ၊ ဝမ်း​တွင်း​သား​ရှိ သ​မျှ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​၍ မီး​ရှို့​ပစ်​ရ​မည်။-


``ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​လော့။ သူ ကျိန်​ဆဲ​ခြင်း​ကို​ကြား​ရ​သူ​တိုင်း​သည်​သူ​၏ ဦး​ခေါင်း​ပေါ်​သို့​လက်​ကို​တင်​၍​ဟုတ်​မှန်​ကြောင်း သက်​သေ​ခံ​ရ​မည်။ ထို့​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က​သူ့​အား​ခဲ​ဖြင့် ပစ်​သတ်​ရ​မည်။-


နွား​အ​ရေ​ခွံ၊ အ​သား​ရှိ​သ​မျှ၊ ဦး​ခေါင်း၊ ခြေ ထောက်​များ၊ ဝမ်း​တွင်း​သား​နှင့်​တ​ကွ​အူ​တို့ ကို​မူ​ကား၊-


တပ်​စ​ခန်း​အ​ပြင်​သို့​ယူ​ဆောင်​၍​ပြာ​သွန်​ရာ သန့်​ရှင်း​သော​နေ​ရာ​တွင်​ထင်း​မီး​ပုံ​၌​မီး​ရှို့ ရ​မည်။


ထို​နောက်​သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​တွက် ပူ​ဇော်​သော​နွား​ကို​တပ်​စ​ခန်း​အ​ပြင်​တွင် မီး​ရှို့​သည့်​နည်း​တူ ဤ​နွား​ကို​လည်း​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​ရ​မည်။ ထို​ယဇ်​ပူ​ဇော်​နည်း သည်​တစ်​မျိုး​လုံး​၏​အပြစ်​ပြေ​စေ​ရန်​အ​တွက် ဖြစ်​သ​တည်း။


သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ် ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ကြ​လေ​သည်။


ထို​နောက်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် သူ​တစ်​ဦး​က နွား​မ​၏​ပြာ​ကို​စု​သိမ်း​၍ စ​ခန်း​အ​ပြင်​ဘက်​ရှိ​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​သော​နေ​ရာ​တွင်​ထား​ရ​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ မ​သန့်​စင်​မှု​ကို​သန့်​စင်​စေ​မည့် ရေ​ကို​ဖော်​စပ်​ရာ​၌​ထို​ပြာ​ကို​အ​သုံး​ပြု ရ​မည်။ ဤ​ဝတ်​သည်​အ​ပြစ်​ကင်း​စေ​ရန်​ပြု သော​ဝတ်​ဖြစ်​သည်။-


သို့​ရာ​တွင်​နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​သိ​နာ တော​ကန္တာ​ရ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော် အပ်​သော​မီး​ဖြင့်​ပူ​ဇော်​သော​ကြောင့်​သေ​ဆုံး​ခဲ့ ကြ​၏။ သူ​တို့​တွင်​သား​သ​မီး​များ​မ​ကျန်​ရစ် ခဲ့​ချေ။ ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​သည်​အာ​ရုန် ၏​လက်​အောက်​တွင်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ​ရ​သည်။


``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကိုယ်​ရေ ပြား​ရော​ဂါ​စွဲ​သော​သူ​သို့​မ​ဟုတ်​ရိ​နာ​စွဲ သော​သူ၊ လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​မ​သန့် စင်​သော​သူ​တို့​ကို စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ် ရန်​ဆင့်​ဆို​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ