အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဆွဲတင်တော်မူပြီး အကျွန်ုပ်၏ရန်သူတို့အား အကျွန်ုပ်ကြောင့် ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူသောကြောင့် ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို ကယ်တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော်မျိုး၏ဝေဒနာကြောင့် ရန်သူတို့အားနှစ်ထောင်းအားရခွင့်ကို ပေးတော်မမူသောကြောင့်လည်းကောင်း ကိုယ်တော်ရှင်အားကျွန်တော်မျိုးထောမနာ ပြုပါ၏။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ရန် သူ တို့ အား ရွှင် လန်း ခွင့် မ ပေး ဘဲ၊ အ ကျွန်ုပ် ကို ဆယ် ယူ တော် မူ သော ကြောင့်၊ ဂုဏ် တော် ကို ချီး မြှောက် ပါ မည်။
အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။ အကျွန်ုပ်ကို ဆယ်နုတ်တော်မူ၏။ ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်၊ ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူ။
ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်ရှိရာဂျေရုဆလင်မြို့သို့ ပြန်ရောက်လျှင် နန်းတော်ကို စောင့်ရှောက်ရန်ထားခဲ့သော မောင်းမဆယ်ဦးကိုခေါ်၍ အကျယ်ချုပ်ချထားလိုက်လေ၏။ ရှင်ဘုရင်သည် သူတို့ကို အစာရေစာထောက်ပံ့ပေးသော်လည်း သူတို့ထံ မဝင်တော့ချေ။ သူတို့သည် သေသည့်နေ့တိုင်အောင် မုဆိုးမဘဝနှင့် အကျယ်ချုပ်ခံရကြ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း တိုင်းပြည်အတွက် အသနားခံသည်ကို နားညောင်းတော်မူပြီး အစ္စရေးလူမျိုးတို့ ခံရသောဘေးဒဏ်ကို ငြိမ်းစေလေ၏။
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
ထို့နောက် အိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ဒါဝိဒ်မင်းကြီး ပြန်လာသောအခါ ရှောလု၏သမီး မိခါလသည် ထွက်လာ၍ ဒါဝိဒ်မင်းကြီးကို ကြိုဆိုပြီး “ယနေ့တွင် အစ္စရေးဘုရင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမများရှေ့၌ စိတ်လွတ်ကိုယ်လွတ်ကခုန်နေသည်မှာ ကျက်သရေရှိလှပါသည်တကား။ လူမိုက်တစ်ယောက် စိတ်လွတ်ကိုယ်လွတ်ပြုမူသကဲ့သို့ပါတကား”ဟု ဆို၏။
ရှင်ဘုရင်က ပရောဖက်နာသန်အား “ကြည့်ပါ။ ငါသည် သစ်ကတိုးသားဖြင့်ဆောက်လုပ်ထားသောနန်းတော်တွင် နေရ၏။ ဘုရားသခင်၏သေတ္တာတော်မူကား ရွက်ထည်တဲဖြင့်သာ စံနေရပါသည်တကား”ဟု မိန့်ဆိုလျှင်
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။
ယွာဘသည် ရှင်ဘုရင်၏အမိန့်တော်ကို မနှစ်သက်သဖြင့် လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို ထည့်၍စာရင်းမကောက်ချေ။
အကျွန်ုပ်၏ရန်သူကလည်း “သူ့ကိုငါနိုင်ပြီ”ဟု ဆိုပါလိမ့်မည်။ အကျွန်ုပ်တုန်လှုပ်သောအခါ အကျွန်ုပ်ကိုရန်ဖက်ပြုသောသူတို့သည် ရွှင်လန်းကြပါလိမ့်မည်။
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူ၏အလိုဆန္ဒကို ဖြည့်ဆည်းပေးတော်မမူပါနှင့်။ သူ၏အကြံကိုထမြောက်စေတော်မမူပါနှင့်။(စေလာ)
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်သည် အရှက်မကွဲရပါစေနှင့်။ အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အပေါ် အောင်ပွဲမခံကြရပါစေနှင့်။
ယခုအခါ ငါ၏ဦးခေါင်းသည် ငါ့ပတ်လည်ရှိ ငါ့ရန်သူတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် ငါသည် ကိုယ်တော်၏တဲတော်၌ ဝမ်းမြောက်စွာကြွေးကြော်သောအသံတည်းဟူသော ယဇ်များကိုပူဇော်ပါမည်။ ငါသည် သီချင်းဆိုလျက် ထာဝရဘုရားကို သီဆိုချီးမွမ်းပါမည်။
ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်၍ ကိုယ်တော်၏အမွေတော်ကို ကောင်းချီးပေးတော်မူပါ။ သူတို့ကိုထိန်းကျောင်း၍ သူတို့ကိုအစဉ်အမြဲ ပွေ့ချီခေါ်ဆောင်တော်မူပါ။
လှည့်ဖြားတတ်သောအကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။ အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည်လည်း မျက်စိမှိတ်ပြရသောအခွင့်မရကြပါစေနှင့်။
အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အပေါ် အောင်ပွဲခံကြွေးကြော်ခွင့်မရသည်ကိုထောက်၍ ကိုယ်တော်သည် အကျွန်ုပ်ကိုနှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။
ငါ၏နှုတ်သည် ကိုယ်တော်ကိုခေါ်၍ ဂုဏ်တော်ချီးမွမ်းခြင်းသည် ငါ၏လျှာပေါ်တွင်ရှိ၏။
လူမျိုးခြားတို့က “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု အဘယ်ကြောင့်ပြောဆိုရပါမည်နည်း။ ကိုယ်တော်၏အစေအပါးတို့ သွေးမြေကျရခြင်းအတွက် လက်တုံ့ပြန်တော်မူကြောင်းကို အကျွန်ုပ်တို့မျက်စိရှေ့တွင် လူမျိုးခြားတို့သိမြင်ကြပါစေသော။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ အိမ်နီးချင်းများ ကဲ့ရဲ့ပြစ်တင်စရာ၊ အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူများ အထင်အမြင်သေးစရာ၊ ပြက်ရယ်ပြုစရာဖြစ်ကြပါပြီ။
လမ်းသွားလမ်းလာအားလုံး သင့်ကိုလက်ခုပ်တီး၍ ကဲ့ရဲ့ကြပြီ။ ထိုသူတို့သည် ခေါင်းကိုခါယမ်းလျက် ဂျေရုဆလင်သမီးပျိုအား “လှပမှုအပေါင်းစုံလင်ရာမြို့၊ မြေကြီးသားအားလုံးဝမ်းမြောက်ရာမြို့ကား ဤမြို့ပေလော”ဟု ဆိုကြပြီ။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
ကြီးကြပ်အုပ်ချုပ်သူတို့ကလည်း စစ်သည်တို့အား ‘အိမ်အသစ်ဆောက်၍ မဆက်ကပ်ရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ်လျှင် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုအိမ်ကို ဆက်ကပ်သွားလိမ့်မည်။