၂ ရာ 20:3 - မြန်မာ့စံမီသမ္မာကျမ်း3 ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်ရှိရာဂျေရုဆလင်မြို့သို့ ပြန်ရောက်လျှင် နန်းတော်ကို စောင့်ရှောက်ရန်ထားခဲ့သော မောင်းမဆယ်ဦးကိုခေါ်၍ အကျယ်ချုပ်ချထားလိုက်လေ၏။ ရှင်ဘုရင်သည် သူတို့ကို အစာရေစာထောက်ပံ့ပေးသော်လည်း သူတို့ထံ မဝင်တော့ချေ။ သူတို့သည် သေသည့်နေ့တိုင်အောင် မုဆိုးမဘဝနှင့် အကျယ်ချုပ်ခံရကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ရှိသောမိမိ ၏နန်းတော်သို့ရောက်သောအခါ နန်းတော်စောင့် အဖြစ်ထားခဲ့သည့်မောင်းမဆယ်ယောက်ကို ထိန်းသိမ်းလိုက်ပြီးလျှင်အစောင့်နှင့်ထား၏။ သူတို့အတွက်လိုအပ်သောပစ္စည်းအသုံး အဆောင်များကိုပေးတော်မူသော်လည်းမင်း ကြီးသည်သူတို့နှင့်ကိုယ်လက်နှီးနှောမှုကို ပြုတော်မမူ။ သူတို့သည်တစ်သက်လုံး အချုပ်ခံရကာမုဆိုးမများကဲ့သို့ နေထိုင်ရကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ဒါ ဝိဒ် မင်း သည် ယေ ရု ရှ လင် မြို့ နန်း တော် သို့ ရောက် သော အ ခါ နန်း တော် စောင့် ထား ခဲ့ သော မောင်း မ ကိုယ် လုပ် တစ် ကျိပ် တို့ ကို ခေါ်၍ ဝန်း ကျင် ကြေး တိုက်၌ လှောင် ထား ပြီး လျှင် ထွက် ဝင် ခြင်း ကို မ ပြု ဘဲ ရိ က္ခာ ကို သာ ထောက် ပံ့ သ ဖြင့် ထို သူ တို့ သည် အ သက် ထက် ဆုံး အ ချုပ် ခံ၍ မု ဆိုး မ သ ဖွယ် နေရ ရှာ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကိုစောင့်စေခြင်းငှာ ထားခဲ့သော ကိုယ်လုပ်တော်တစ်ကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဖော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုဆိုးမကဲ့သို့ နေရကြ၏။ အခန်းကိုကြည့်ပါ။ |