၂ ရာ 7:2 - မြန်မာ့စံမီသမ္မာကျမ်း2 ရှင်ဘုရင်က ပရောဖက်နာသန်အား “ကြည့်ပါ။ ငါသည် သစ်ကတိုးသားဖြင့်ဆောက်လုပ်ထားသောနန်းတော်တွင် နေရ၏။ ဘုရားသခင်၏သေတ္တာတော်မူကား ရွက်ထည်တဲဖြင့်သာ စံနေရပါသည်တကား”ဟု မိန့်ဆိုလျှင် အခန်းကိုကြည့်ပါ။Common Language Bible2 ပရောဖက်နာသန်အား`ကြည့်လော့။ ငါသည် သစ်ကတိုးသားနန်းတော်နှင့်နေထိုင်ရသော် လည်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်မူကားတဲတော်၌သာကျိန်းဝပ်တော် မူရပါသည်တကား'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ဘု ရင် မင်း က ကြည့် လော့။ ငါ သည် သစ် က တိုး နန်း တော်၌ စံ နေ ရ၏။ ဘု ရား သ ခင့် သေ တ္တာ တော် မူ တင်း တိမ် ရံ အ တွင်း၌ စံ နေ ရ သေး သည် တ ကား ဟု ပ ရော ဖက် နာ သန် အား မိန့် ဆို လျှင် အခန်းကိုကြည့်ပါ။Judson Bible2 ပရောဖက်နာသန်ကို ခေါ်၍၊ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့် နေ၏။ ဘုရားသခင်၏ သေတ္တာတော်မူကား၊ ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဥရိယက ဒါဝိဒ်မင်းကြီးအား “သေတ္တာတော်နှင့်တကွ အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည် တဲများ၌သာ နေကြပါ၏။ အကျွန်ုပ်၏သခင် ယွာဘနှင့် အကျွန်ုပ်သခင်၏စစ်သည်တို့သည်လည်း ကွင်းပြင်၌သာ စခန်းချကြပါ၏။ အကျွန်ုပ်မူကား အိမ်သို့ပြန်ပြီး စားသောက်လျက်၊ မယားနှင့်အိပ်လျက် နေသင့်ပါသလော။ မင်းကြီးအသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ် ထိုသို့မပြုသင့်ပါ”ဟု ပြန်လျှောက်လေ၏။
ဒါဝိဒ်မင်းကြီးနှင့်တကွ မင်းကြီး၏ဗျာဒိတ်ဆရာဂဒ်နှင့် ပရောဖက်နာသန်တို့ ညွှန်ကြားထားနှင့်သည့်အတိုင်း ဟေဇကိမင်းကြီးသည် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက် တီးမှုတ်တတ်သောလေဝိအမျိုးတို့ကို ထာဝရဘုရား၏အိမ်တော်တွင် နေရာချထား၏။ ထိုသို့ ထာဝရဘုရားသည် ပရောဖက်တို့မှတစ်ဆင့် မိန့်မှာထားတော်မူ၏။