သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
ကမ္ဘာဦး 47:30 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ငါ၏ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သောအခါ သင်သည် ငါ့ကိုအီဂျစ်ပြည်မှဆောင်သွား၍ ငါ့ဘိုးဘေးတို့၏သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်”ဟု ဆို၏။ ယောသပ်ကလည်း “အဖေ့စကားအတိုင်း အကျွန်ုပ်ပြုပါမည်”ဟု ပြန်ပြောလေ၏။ Common Language Bible အဖကိုအီဂျစ်ပြည်မှထုတ်ဆောင်၍အဖ၏ ဘိုးဘေးတို့သင်္ဂြိုဟ်ရာသင်္ချိုင်း၌သင်္ဂြိုဟ်ပါ လော့'' ဟုဆို၏။ ယောသပ်က``အဖဆန္ဒအတိုင်းကျွန်တော်ဆောင် ရွက်ပေးပါမည်'' ဟုဝန်ခံလေ၏။ Garrad Bible ဘိုး ဘ တို့ နှင့် အ တူ အိပ် ပျော် ရ သော အ ခါ အိ ဂျစ် ပြည် မှ ငါ့ အ လောင်း ကို ဆောင် သွား၍ သူ တို့ သင်္ချိုင်း တွင် သင်္ဂြိုဟ် လော့ ဟု ဣ သ ရေ လ မှာ ဆို လျှင် ယော သပ် က၊ အ ဘ မှာ ထား သည့် အ တိုင်း ကျွန် တော် ပြု ပါ မည် ဟု ဝန် ခံ လေ ၏။ Judson Bible ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တုပြည်မှ ငါ့ကိုဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည်အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ၏။ |
သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
ဤသို့ဖြင့် မံရေမြို့အရှေ့၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်၊ ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူနှင့် လယ်၏လယ်စပ်ပတ်လည်ရှိ သစ်ပင်အားလုံးတို့ကို
ထို့နောက်တွင် အာဗြဟံသည် ခါနာန်ပြည်၊ ဟေဗြုန် ခေါ် မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိသောလိုဏ်ဂူထဲ၌ မိမိမယားစာရာကို သင်္ဂြိုဟ်လေ၏။
ထိုလယ်သည် ဟေသအမျိုးသားတို့ထံမှ အာဗြဟံဝယ်ယူထားသောလယ်ဖြစ်၏။ အာဗြဟံကို သူ၏မယားစာရာနှင့်အတူ ထိုအရပ်တွင် သင်္ဂြိုဟ်ကြလေ၏။
သူ၏သား ဣဇက်နှင့်ဣရှမေလတို့သည် မံရေမြို့အရှေ့ဘက်၊ ဟိတ္တိလူမျိုးဇောဟာ၏သား ဧဖရုန်၏လယ်၌ရှိသော မပ္ပေလလိုဏ်ဂူတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။
ဣဇက်သည် အသက်ကြီး၍သက်တမ်းစေ့သဖြင့် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။ သူ၏သားဧသောနှင့်ယာကုပ်တို့သည် သူ့ကိုသင်္ဂြိုဟ်ကြ၏။
တစ်ဖန် ယောသပ်က “ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ သင်တို့သည် ငါ့အရိုးတို့ကို ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် အစ္စရေးအမျိုးသားတို့အား ကျိန်ဆိုစေ၏။
ကျွန်တော်မျိုး ပြန်သွားပါရစေ။ အကျွန်ုပ်၏မိဘတို့သင်္ချိုင်းရှိရာ အကျွန်ုပ်၏ဇာတိမြို့တွင်ပင် အကျွန်ုပ် သေပါရစေ။ အရှင့်အစေအပါး ခိမဟံ ရှိပါ၏။ သူ့ကို အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ တစ်ဖက်ကမ်းသို့ ခေါ်သွား၍ အလိုရှိသည့်အတိုင်း သူ့အတွက် ပြုပေးပါ”ဟု လျှောက်တင်လေ၏။
ထို့နောက်တွင် အာသဟေလအလောင်းကို သူ့ဖခင်သင်္ချိုင်းရှိရာ ဗက်လင်မြို့သို့ သယ်သွားပြီး သင်္ဂြိုဟ်ကြ၏။ ထို့နောက် ယွာဘနှင့်သူ့လူတို့သည် ညတွင်းချင်းပြန်လာကြရာ မိုးလင်းမှ ဟေဗြုန်မြို့သို့ ပြန်ရောက်ကြ၏။
“အစာလည်း မစားရ၊ ရေလည်း မသောက်ရ”ဟု သင့်အား ငါမှာထားသောနေရာသို့ ပြန်သွားပြီး စားသောက်လေပြီ။ ထို့ကြောင့် သင့်အလောင်းသည် သင့်ဘိုးဘေးတို့၏သင်္ချိုင်းသို့ ရောက်ရမည်မဟုတ်’ဟူ၍ မိန့်တော်မူ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
မင်းကြီးအား “အရှင်မင်းကြီး သက်တော်ရှည်ပါစေ။ အကျွန်ုပ်ဘိုးဘေးတို့၏သင်္ချိုင်းမြေရှိရာမြို့သည် ပျက်စီး၍ မြို့တံခါးများ မီးလောင်ကျွမ်းသွားသောကြောင့် အကျွန်ုပ် မျက်နှာမညှိုးဘဲ နေနိုင်ပါမည်လော”ဟု ပြန်လျှောက်၏။
ထို့နောက် ရှင်ဘုရင်အား “အရှင်မင်းကြီး အလိုတော်ရှိ၍ အရှင့်အစေအပါးအား မျက်နှာသာပေးမည်ဆိုလျှင် အကျွန်ုပ်တို့ဘိုးဘေး၏သင်္ချိုင်းမြေရှိရာမြို့ကို ပြန်လည်တည်ဆောက်ရန် ယုဒပြည်သို့ ပြန်ခွင့်ပေးတော်မူပါ”ဟု လျှောက်ဆို၏။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။