ယောသပ်ရှေ့၌ ယောသပ်၏ညီအစ်ကိုတို့ကို အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် အသက်အရွယ်အလိုက် နေရာချထား၏။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လျက် အံ့အားသင့်နေကြ၏။
ညီအစ်ကိုတို့သည်အသက်ကြီးစဉ်ငယ်လိုက် ယောသပ်၏ရှေ့တွင်ထိုင်ရကြ၏။ သူတို့သည် မိမိတို့အားနေရာချထားပုံကိုမြင်ကြ သဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြည့်၍အံ့အားသင့်လျက်ရှိကြ၏။-
ညီ အစ် ကို တို့ သည် အ ကြီး မှ စ၍ အ ငယ် တိုင် အောင် အ ရွယ် အ လိုက် ယော သပ် ရှေ့ မှာ ထိုင် နေ ကြ လျက် အ ချင်း ချင်း ရှု ကြည့်၍ အံ့ သြ ကြ ကုန် ၏။
ညီအစ်ကိုတို့သည် အကြီးမှစ၍အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။
ယောသပ်သည် မိမိ၏အစ်ကိုတို့ကိုမြင်သောအခါ သူတို့ကို မှတ်မိသော်လည်း မသိဟန်ဆောင်လျက် ကြမ်းတမ်းစွာပြောဆို၏။ ယောသပ်က သူတို့အား “သင်တို့ အဘယ်ကလာကြသနည်း”ဟု မေးလျှင် သူတို့က “အစားအစာဝယ်ယူရန် ခါနာန်ပြည်မှလာကြပါ၏”ဟု ပြန်လျှောက်ကြ၏။
အိမ်ထိန်းသည်လည်း အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင်ရှာဖွေရာ ဗင်္ယာမိန်၏အိတ်ထဲ၌ ခွက်ကိုတွေ့လေ၏။
ယောသပ်က ဖခင်အား “ထိုသို့မဟုတ်ပါ၊ အဖေ။ ဤတစ်ယောက်သည် သားဦးဖြစ်ပါ၏။ အဖေ၏လက်ယာလက်ကို သူ့ခေါင်းပေါ်၌တင်ပါလော့”ဟု ဆို၏။
ခြောက်ယောက်၏အမည်ကို ပထမကျောက်တစ်လုံးအပေါ်တွင်လည်းကောင်း၊ ကျန်ခြောက်ယောက်၏အမည်ကို ဒုတိယကျောက်တစ်လုံးအပေါ်တွင်လည်းကောင်း ကြီးစဉ်ငယ်လိုက်ကမ္ပည်းထိုးရမည်။
ယေရှုသည် ထိုစကားကိုကြားလျှင် အံ့ဩ၍ နောက်တော်သို့လိုက်သောသူတို့အား“သင်တို့ကို ငါအမှန်ဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းရှိသောသူတစ်စုံတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးချေ။