ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ကမ္ဘာဦး 26:3 - မြန်မာ့စံမီသမ္မာကျမ်း ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။ Common Language Bible ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။- Garrad Bible ဤ ပြည် ၌ ပင် တည်း ခို နေ လော့။ သင် နှင့် အ တူ ငါ ရှိ၍ ကောင်း ကြီး ပေး မည်။ သင် နှင့် အ မျိုး အ နွယ် အား ဤ ပြည် ထောင် ရှိ သ မျှ ကို ငါ ပေး ၍ သင့် အ ဘ အာ ဗြ ဟံ အား ထား ခဲ့ သော သ စ္စာ အ တိုင်း ငါ ပြု မည်။ Judson Bible ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက်မှာငါနေ၍ ကောင်းချီးပေးမည်။ အကြောင်းမူကား၊ သင်နှင့် သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသောစကားရှိသည်အတိုင်းငါပြုမည်။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
အကြောင်းမူကား သင်မြင်ရသောမြေအားလုံးကို ငါသည် သင်နှင့်သင်၏သားစဉ်မြေးဆက်အား ကာလအစဉ်အဆက် ပိုင်ဆိုင်စေမည်။
ထလော့၊ ဤမြေကို အလျားတစ်လျှောက်၊ အနံတစ်လျှောက် လျှောက်သွားလော့။ ထိုမြေကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
ဘုရားသခင်ကလည်း “မှန်ပေ၏။ သို့သော် သင်၏မယားစာရာသည် သင့်အတွက် သားကိုမွေးဖွားလိမ့်မည်။ သင်သည် သူ၏အမည်ကို ဣဇက်ဟု မှည့်ခေါ်ရမည်။ ငါသည် ငါ၏ပဋိညာဉ်ကို သူ၌တည်စေ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်တို့အတွက် ထာဝရပဋိညာဉ်ဖြစ်စေမည်။
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
အာဗြဟံသည် ထိုအရပ်မှ နေဂေ့အရပ်သို့ရွှေ့ပြောင်း၍ ကာဒေရှအရပ်နှင့်ရှုရအရပ်ကြား၌ နေထိုင်လေ၏။ ဂေရာမြို့၌တည်းခိုနေထိုင်စဉ်
အာဗြဟံကွယ်လွန်ပြီးနောက် သူ၏သားဣဇက်ကို ဘုရားသခင်ကောင်းချီးပေးတော်မူ၏။ ဣဇက်သည် ဗေရလဟဲရောအရပ်၌ နေထိုင်၏။
ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့်
သူ၌ သိုးအုပ်၊ နွားအုပ် စသည့် တိရစ္ဆာန်များနှင့် အခြွေအရံအမြောက်အမြားရှိသည်ဖြစ်၍ ဖိလိတ္တိအမျိုးသားတို့သည် သူ့ကိုငြူစူကြ၏။
ထိုည၌ ထာဝရဘုရားသည် သူ့အားကိုယ်ထင်ရှားပြ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရားဖြစ်၏။ မကြောက်နှင့်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ ငါသည် သင့်ကိုကောင်းချီးပေး၍ ငါ၏အစေအပါးအာဗြဟံအတွက်ကြောင့် သင်၏သားစဉ်မြေးဆက်ကိုများပြားစေမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သူ့အနားတွင်ရပ်နေ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်နေသောမြေကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေးမည်။
ကြည့်ရှုလော့။ ငါသည် သင်နှင့်အတူရှိ၏။ သင်သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်၍ ဤပြည်သို့ သင့်ကို ပြန်ခေါ်လာဦးမည်။ အကယ်စင်စစ် သင့်အားငါကတိပေးသည့်အရာ မပြည့်စုံမချင်း ငါသည် သင့်ကိုစွန့်ပစ်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက “သင့်ဘိုးဘေးတို့၏ပြည်၊ သင်၏ဆွေမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည် သင်နှင့်အတူရှိမည်”ဟု ယာကုပ်အားမိန့်တော်မူ၏။
အာဗြဟံနှင့်ဣဇက်အား ငါပေးသောပြည်ကို သင့်အား ငါပေးမည်။ ထိုပြည်ကို နောင်လာမည့် သင်၏သားစဉ်မြေးဆက်အားလည်း ငါပေးမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိတော်မူသဖြင့် သူသည် အောင်မြင်သောသူဖြစ်လာ၍ မိမိသခင်အီဂျစ်အမျိုးသား၏အိမ်၌နေထိုင်ရ၏။
သို့သော်လည်း ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိ၍ သူ့ကို မေတ္တာကရုဏာပြလျက် ထောင်မှူးရှေ့၌ မျက်နှာရစေတော်မူ၏။
ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။
ကိုယ်တော်သည် မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။ ၎င်းမှာ မျိုးဆက်ပေါင်းတစ်ထောင်တို့အား မိန့်တော်မူထားသောစကားတော်၊
ငါသည် သင့်ကိုပညာသတိရှိစေ၍ သင်သွားရမည့်လမ်းကိုသွန်သင်ပြသမည်။ သင့်ကိုကြည့်ရှုလျက် အကြံပေးမည်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။
ဘုရားသခင်သည် သူတို့၏ညည်းတွားမြည်တမ်းသံကိုကြားတော်မူလျှင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့် ပြုခဲ့သောပဋိညာဉ်ကို အောက်မေ့တော်မူ၏။
ဘုရားသခင်က “အကယ်စင်စစ် သင်နှင့်အတူငါရှိမည်။ သင်သည် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာပြီးလျှင် ဤတောင်ပေါ်၌ သင်တို့သည် ဘုရားသခင်ကို ဝတ်ပြုရကြလိမ့်မည်။ ဤသည်ကား သင့်ကို ငါစေလွှတ်ကြောင်း လက္ခဏာသက်သေဖြစ်သည်”ဟု မိန့်တော်မူ၏။
ဧည့်သည်အဖြစ် သူတို့တည်းခိုနေထိုင်ခဲ့သည့်ပြည်တည်းဟူသော ခါနာန်ပြည်ကို သူတို့အားပေးရန် ငါ၏ပဋိညာဉ်ကို သူတို့၌ ငါတည်စေပြီ။
ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ကျိန်ဆိုခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်မည်။ ထိုပြည်ကိုလည်း သင်တို့အား ငါအပိုင်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သင်သည် ရေကိုဖြတ်ကူးသောအခါ သင်နှင့်အတူငါရှိမည်။ မြစ်ကိုဖြတ်ကူးသောအခါ သင့်ကို ရေလွှမ်းမည်မဟုတ်။ မီးထဲလျှောက်သောအခါ သင့်ကိုမီးလောင်မည်မဟုတ်။ မီးလျှံသည် သင့်ကို ဟပ်မည်မဟုတ်။
မကြောက်နှင့်။ ငါသည် သင်နှင့်အတူရှိ၏။ အရှေ့အရပ်မှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်အရပ်မှ သင့်ကို ငါစုစည်းမည်။
ကိုယ်တော်သည် ရှေးယခင်ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည့်အတိုင်း ယာကုပ်အား သစ္စာတော်ကိုလည်းကောင်း၊ အာဗြဟံအား မေတ္တာကရုဏာတော်ကိုလည်းကောင်း ပြတော်မူမည်။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
ထိုပြည်ကို သင်တို့အား ငါပေးပြီ။ ထိုပြည်ကို သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ နောင်လာမည့်သားစဉ်မြေးဆက်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီ ဝင်၍သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုသည်နှင့်အညီ ဤပြည်ကား ‘သင်၏သားစဉ်မြေးဆက်တို့အား ငါပေးမည်’ဟု ကတိထားသောပြည်ဖြစ်၏။ သင့်မျက်စိဖြင့်တွေ့မြင်ခွင့်ကို ငါပေးသော်လည်း သင်သည် ထိုပြည်သို့ကူးသွားရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ငါ့ထံမှ သင်တို့သင်ကြားခံယူလျက် ကြားနာသိမြင်ခဲ့သောအရာတို့ကို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
သူသည် ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ ဧည့်သည်အဖြစ်နေထိုင်၍ တစ်ခုတည်းသောကတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲများတွင်နေထိုင်ကြ၏။
ထိုနည်းတူ ဘုရားသခင်သည် မိမိအကြံအစည်တော်မပြောင်းလဲနိုင်ကြောင်း ကတိတော်ကိုအမွေဆက်ခံသူများအား ပိုမိုထင်ရှားစွာပြလို၍ ကတိသစ္စာပြုခြင်းဖြင့် အာမခံတော်မူ၏။