၃ ရာ 8:63 - မြန်မာ့စံမီသမ္မာကျမ်း
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။
Ver Capítulo
မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့်သိုးကောင်ရေတစ်သိန်းနှစ်သောင်းကို မိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်းတို့ သည်ဗိမာန်တော်ကိုအနုမောဒနာပြုကြ လေသည်။-
Ver Capítulo
ထာ ဝ ရ ဘု ရား ထံ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ အ ဖြစ် နွား နှစ် သောင်း နှစ် ထောင်၊ သိုး တစ် သိန်း နှစ် သောင်း များ ကို ရှော လ မုန် မင်း ဆက် ကပ် ပူ ဇော် စေ သည့် အ လျောက် ဘု ရင် မင်း မှ စ ၍ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ကို အ နု မော ဒ နာ ပြု ကြ ကုန် ၏။
Ver Capítulo
နွားနှစ်သောင်းနှစ်ထောင်၊ သိုးတစ်သိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်သဖြင့်၊ ထာဝရဘုရား၏အိမ်တော်ကို အနုမောဒနာပြုကြ၏။
Ver Capítulo