၁ ရာချုပ် 29:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထာဝရဘုရားထံ ယဇ်များကိုပူဇော်ပြီး နောက်တစ်နေ့တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် နွားထီးအကောင်တစ်ထောင်၊ သိုးထီးအကောင်တစ်ထောင်၊ သိုးသငယ်အကောင်တစ်ထောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာများကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် ယဇ်များကို အမြောက်အမြား ပူဇော်ကြ၏။ Ver CapítuloCommon Language Bible21 နောက်တစ်နေ့၌သူတို့သည်ယဇ်ကောင်များ အဖြစ်ဖြင့်တိရစ္ဆာန်များကိုသတ်၍ ထာဝရ ဘုရားအားဆက်သပြီးလျှင် လူတို့အား စားသုံးရန်ပေးကြ၏။ သူတို့သည်စပျစ်ရည် ပူဇော်သကာများကိုလည်းယူဆောင်လာ ကြ၏။ ထိုအပြင်နွားသိုးတစ်ထောင်၊ သိုး ထီးတစ်ထောင်နှင့်သိုးငယ်တစ်ထောင်တို့ ကိုယဇ်ပလ္လင်ပေါ်တွင်တစ်ကောင်လုံး မီးရှို့ပူဇော်ကြလေသည်။- Ver CapítuloGarrad Bible21 နောက် နေ့ ၌ နွား တစ် ထောင်၊ သိုး ထီး တစ် ထောင်၊ သိုး သား ငယ် တစ် ထောင် ကို ဆိုင် ရာ သွန်း လောင်း ရာ သ က္ကာ များ ပါ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ပူ ဇော် သည့် ပြင် ဣ သ ရေ လ တစ် မျိုး လုံး အ ဖို့ မိတ် သ ဟာ ယ သ က္ကာ အ မြောက် အ မြား ဆက် ကပ် လျက်၊ Ver CapítuloJudson Bible21 နက်ဖြန်နေ့၌လည်း ယဇ်ပူဇော်ခြင်းအမှုကိုပြု၍ နွားတစ်ထောင်၊ သိုးတစ်ထောင်၊ သိုးသငယ်တစ်ထောင်တို့ကို မီးရှို့သဖြင့်၊ သွန်းလောင်းရာ ပူဇော်သကာတို့နှင့်တကွ ဣသရေလအမျိုး တစ်မျိုးလုံးအတွက် ထာဝရဘုရားအား များစွာသောယဇ်ကို ပူဇော်ကြ၏။ Ver Capítulo |
ထိုယဇ်နှင့်အတူ ပူဇော်သောဘောဇဉ်ပူဇော်သက္ကာသည် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံဖြစ်ရမည်။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။ ထိုယဇ်နှင့်အတူ ပူဇော်သောသွန်းလောင်းရာပူဇော်သက္ကာသည်လည်း စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံဖြစ်ရမည်။