နေဟမိ 12:27 - မြန်မာ့စံမီသမ္မာကျမ်း
27 ဂျေရုဆလင်မြို့ရိုးဆက်ကပ်ပွဲကျင်းပရာတွင် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်တို့ကိုတီးမှုတ်၍ ဝမ်းမြောက်စွာ ကျေးဇူးတော်ချီးမွမ်းသီဆိုလျက် ဆက်ကပ်ပွဲကိုကျင်းပနိုင်ရန် လေဝိအမျိုးတို့ကိုရှာ၍ သူတို့နေထိုင်ရာအရပ်ရပ်မှ ဂျေရုဆလင်မြို့သို့ လာရောက်စေ၏။
Ver Capítulo Copiar
27 ယေရုရှလင်မြို့ရိုးကိုအနုမောဒနာပြုသောအခါလေဝိအနွယ်ဝင်တို့သည် အားရရွှင်လန်းစွာကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုသီဆိုလျက် လင်းကွင်းနှင့်စောင်းများကိုတီးလျက်ပါဝင်ဆင်နွှဲကြစေရန် သူတို့အားရောက်ရှိနေထိုင်လျက်ရှိသည့်အရပ်များမှခေါ်ယူခဲ့ကြ၏။
Ver Capítulo Copiar
27 ယေ ရု ရှ လင် မြို့ ရိုး အ နု မော ဒ နာ ပွဲ တွင်၊ ခွက် ခွင်း၊ စောင်း၊ တ ယော နှင့် တ ကွ၊ သီ ဆို ထော မ နာ ပြု လျက်၊ ထို ပွဲ ကို ရွှင် လန်း စွာ ကျင်း ပ ကြ စေ ရန်၊ ဆိုင် ရာ အ ရပ် ရပ် မှ လေ ဝိ ဂိုဏ်း သား တို့ ကို ရှာ ဖွေ ခေါ် ငင် ၍၊
Ver Capítulo Copiar
27 ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုသောအခါ၊ ခွက်ကွင်း၊ စောင်း၊ တယောနှင့်တီးမှုတ်လျက် သီချင်းဆိုလျက် ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဒနာပြုအံ့သောငှာ လေဝိသားတို့ကိုရှာ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ၏။
Ver Capítulo Copiar