ထိုသို့ ဒုက္ခရောက်သောအခါ မနာရှေမင်းကြီးသည် သူ၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို ရှာလျက် ဘိုးဘေးတို့၏ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုအလွန်နှိမ့်ချလေ၏။
မင်းကြီးသည်ဆင်းရဲဒုက္ခရောက်သောအခါ မာန်မာနကျိုး၍ မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ပြန်လာပြီးလျှင်ကူမ တော်မူရန်အသနားခံတော်မူ၏။-
မ နာ ရှေ မင်း သည် ကျဉ်း မြောင်း သော အ ခါ၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ရှေ့၊ အ ထူး နှိမ့် ချ လျက်၊ ကိုယ့် ဘု ရား သခင် ထာ ဝ ရ ဘု ရား ထံ၊ ခ ညောင်း တောင်း လျှောက် လျှင်၊
ထိုသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသောအခါ၊ မိမိဘုရားသခင် ထာဝရဘုရားကိုတောင်းပန်၍၊ ဘိုးဘေးတို့၏ ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန်နှိမ့်ချလျက်၊
ဤသို့ မိမိကိုယ်ကိုနှိမ့်ချကြသည်ကို ထာဝရဘုရားမြင်တော်မူလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှေမာယထံရောက်လာပြန်၍ “သူတို့သည် မိမိကိုယ်ကိုနှိမ့်ချကြသောကြောင့် သူတို့ကို ငါမဖျက်ဆီး။ အသက်ချမ်းသာခွင့်ကိုကား ငါပေးမည်။ ရှိရှက်မင်းကြီးအားဖြင့် ငါ့အမျက်တော်ကို ဂျေရုဆလင်မြို့ပေါ်သို့ ငါသွန်ချမည်မဟုတ်။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
သို့သော် သူတို့သည် ဆင်းရဲဒုက္ခရောက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံပြန်လာပြီး ကိုယ်တော်ကို ရှာကြသောအခါ သူတို့ကို အတွေ့ခံတော်မူ၏။
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
ထို့ကြောင့် သူ၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ဆီးရီးယားဘုရင်လက်သို့ အပ်လိုက်တော်မူ၏။ ဆီးရီးယားလူမျိုးတို့သည် သူ့ကိုအောင်နိုင်ပြီး သုံ့ပန်းအမြောက်အမြားကို ဒမတ်စကပ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။ သူသည် အစ္စရေးဘုရင်လက်သို့လည်း အပ်လိုက်ခြင်းခံရသဖြင့် ထိုဘုရင်သည် သူ့ကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းလေ၏။
သို့သော် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့သည် ဘဝင်မြင့်ရာမှ မိမိကိုယ်ကိုနှိမ့်ချကြသဖြင့် ဟေဇကိမင်းကြီးလက်ထက်တွင် သူတို့အပေါ် ထာဝရဘုရား၏အမျက်တော် မကျရောက်ခဲ့ပေ။
ခမည်းတော်မနာရှေမင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချခဲ့သော်လည်း အာမုန်မင်းကြီးမူကား ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုမနှိမ့်ချခဲ့သည်သာမက ပို၍ပင်အပြစ်ပြုသေး၏။
ဤမြို့နှင့်မြို့သားတို့အား ဆန့်ကျင်သောနှုတ်ကပတ်တော်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက် ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချလေပြီ။ သင်သည် ငါ့ရှေ့မှောက်တွင် မိမိကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကိုဆုတ်လျက် ငါ့ရှေ့မှောက်၌ငိုကြွေးသည်ကို ငါကြားပြီ။
ငါသည် ပြင်းပြသောဝေဒနာထဲမှ ထာဝရဘုရားကိုခေါ်၏။ ထာဝရဘုရားသည် ငါ့ကိုထူးတော်မူပြီး ကျယ်ဝန်းသောအရပ်၌ ထားတော်မူ၏။
ငါသည် ဆင်းရဲဒုက္ခရောက်သောအခါ ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် ငါ့ကိုထူးတော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် နက်ရှိုင်းရာနေရာမှ ကိုယ်တော်ကိုခေါ်ပါ၏။
အို ဘုရားရှင်၊ အကျွန်ုပ်၏အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို နားစွင့်တော်မူပါ။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
သူတို့အသီးသီး ဆိုးညစ်သောလမ်းမှပြန်လှည့်လာ၍ ထာဝရဘုရားရှေ့တော်၌ ပျပ်ဝပ်လျက် အသနားခံကောင်းခံကြလိမ့်မည်။ အကြောင်းမူကား ဤလူမျိုးတို့ကို ထာဝရဘုရား ပြင်းစွာအမျက်ဒေါသထွက်တော်မူလေပြီ”ဟု ဆို၏။
ငါ လူစိတ်ပြန်ဝင်သောအချိန်တွင် ငါ့နိုင်ငံတော်ကြီး ကျက်သရေရှိစေရန် ခန့်ညားထည်ဝါသောငါ့အရိုက်အရာကိုလည်း ငါပြန်လည်ရရှိ၏။ မင်းအတိုင်ပင်ခံများ၊ မှူးမတ်များလည်း ငါ့အားရှာဖွေ၍ ထီးနန်းကိုပြန်လည်အပ်နှင်းပေးကြ၏။ ငါ့ဘုန်းတန်ခိုးသည်လည်း တိုးသည်ထက်တိုးလေ၏။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
“အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲတွင် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်နားညောင်းတော်မူ၏။ မရဏာနိုင်ငံတွင်းနက်ထဲမှ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသောအခါ အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါ၏။
ထာဝရဘုရားသည် မြို့ကို အော်ဟစ်မိန့်မြွက်တော်မူ၏။ ဉာဏ်ပညာရှိသောသူသည် နာမတော်ကို သိမြင်လေပြီ။ တောင်ဝှေးကိုလည်းကောင်း၊ တောင်ဝှေးအား ခန့်အပ်ထားသောအရှင်ကိုလည်းကောင်း နာခံလော့။
သခင်ဘုရားကလည်း“သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းကြားတစ်ခုသို့သွားပြီးလျှင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ မေးမြန်းရှာဖွေလော့။ အကြောင်းမူကား သူသည် ဆုတောင်းလျက်နေ၍
ထာဝရဘုရားရှေ့တော်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။