မိက္ခာ 6:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထာဝရဘုရားသည် မြို့ကို အော်ဟစ်မိန့်မြွက်တော်မူ၏။ ဉာဏ်ပညာရှိသောသူသည် နာမတော်ကို သိမြင်လေပြီ။ တောင်ဝှေးကိုလည်းကောင်း၊ တောင်ဝှေးအား ခန့်အပ်ထားသောအရှင်ကိုလည်းကောင်း နာခံလော့။ Ver CapítuloCommon Language Bible9 ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် ပညာရှိ၏။ ကိုယ်တော်သည်မြို့ကိုဤသို့ဆင့် ဆိုတော်မူ၏။ ``မြို့ထဲရှိလူပရိသတ် အပေါင်းတို့၊ နာခံကြလော့၊- Ver CapítuloGarrad Bible9 နား ထောင် ကြ ဦး။ ထာ ဝ ရ ဘု ရား သည်၊ မြို့ တော် အား ခေါ် တော် မူ သည့် အ တိုင်း၊ နာ မ တော် ကို ခန့် ညား ရာ၌ ပ ညာ ရှိ သည့် အ လျောက်၊ ရိုက် ဒဏ် နှင့် စီ ရင် တော် မူ သော အ ရှင် ကို သ တိ မူ ကြ လော့။ Ver CapítuloJudson Bible9 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသောသူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကိုလည်းကောင်း၊ စီရင်သောသူသည် အဘယ်သူ ဖြစ်သည်ကိုလည်းကောင်း နားထောင်ကြလော့။ Ver Capítulo |
“ယုဒဘုရင်ဟေဇကိမင်းကြီးလက်ထက်တွင် မောရရှက်မြို့သားမိက္ခာက ယုဒလူမျိုးအပေါင်းတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကိုခံရလိမ့်မည်။ ဂျေရုဆလင်မြို့သည် အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရာတောင်သည် တောအုပ်ဖြစ်လိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပရောဖက်ပြုဟောပြောခဲ့သည်ကို
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။