ယောန 2:2 - မြန်မာ့စံမီသမ္မာကျမ်း2 “အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲတွင် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်နားညောင်းတော်မူ၏။ မရဏာနိုင်ငံတွင်းနက်ထဲမှ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသောအခါ အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါ၏။ Ver CapítuloCommon Language Bible2 ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ဘေးနှင့်ကြုံတွေ့နေရသည့်အတွက် ကိုယ်တော်အားဟစ်ခေါ်ခဲ့ပါသည်။ ကိုယ်တော်ကလည်းကြားတော်မူပါ၏။ အကျွန်ုပ်သည်သေမင်း၏ခံတွင်းမှနေ၍ ကိုယ်တော်အားဟစ်အော်သံကိုကိုယ်တော် ကြားတော်မူပါ၏။ Ver CapítuloGarrad Bible2 အ ကျွန်ုပ် သည် ဒု က္ခ ခံ ရ သော ကြောင့်၊ ထာ ဝ ရ ဘု ရား ကို ဟစ် ခေါ်၍၊ ကိုယ် တော် သည် ထူး တော် မူ၏။ မ ရ ဏာ့ နိုင် ငံ၏ ဝမ်း ထဲ မှ ဟစ် သော အ သံ ကို နား ညောင်း တော် မူ၏။ Ver CapítuloJudson Bible2 ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရားကိုဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရဏနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နားထောင်တော်မူ၏။ Ver Capítulo |
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။