ဆာလံ 50:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။” Ver CapítuloCommon Language Bible15 ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible15 ဒု က္ခ ရောက် သည့် ကာ လ ငါ့ ကို ပ ဌ နာ ပြု လျှင်၊ ငါ ကယ် လွှတ် သ ဖြင့်၊ ဘုန်း တော် ကို ချီး မြှောက် ခွင့် ရ လိမ့် မည်။ Ver CapítuloJudson Bible15 အမှုရောက်သည်ကာလ၌ ငါ့ကိုပတ္ထနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူ၏။ Ver Capítulo |
သူတို့က ‘အကျွန်ုပ်တို့သည် ဓားဘေး၊ အပြစ်ဒဏ်ဘေး၊ ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး စသည့်ဘေးအန္တရာယ်တို့နှင့် ကြုံရလျှင် ဤအိမ်တော်၌နာမတော်တည်သောကြောင့် ဤအိမ်တော်ရှေ့၊ ကိုယ်တော့်ရှေ့တွင် ရပ်လျက် အကျွန်ုပ်တို့ကြုံရသောဆင်းရဲဒုက္ခအတွက် ကိုယ်တော့်ထံအော်ဟစ်သောအခါ ကိုယ်တော်သည် နားညောင်း၍ ကယ်မတော်မူမည်’ဟု ဆိုကြပါ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။