ဂျေရုဆလင်မြို့တွင်နေထိုင်ကြသော ယုဒအမျိုးသား၊ ဗင်္ယာမိန်အမျိုးသား၊ ဧဖရိမ်နှင့်မနာရှေအမျိုးသားတို့တွင်
၂ ရာချုပ် 30:11 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အာရှာနယ်၊ မနာရှေနယ်နှင့်ဇာဗုလုန်နယ်မှ လူအချို့တို့သည် မိမိကိုယ်ကိုနှိမ့်ချ၍ ဂျေရုဆလင်မြို့သို့ရောက်လာကြ၏။ Common Language Bible သို့သော်အာရှာ၊ မနာရှေနှင့်ဇာဗုလုန်အနွယ် ဝင်တို့အနက် အချို့သောသူတို့မူကား ယေရုရှလင်မြို့သို့လာရောက်ကြ၏။- Garrad Bible အာ ရှာ၊ မ နာ ရှေ၊ ဇာ ဗု လုန် အ နွယ် သား တို့ အ နက်၊ စိတ် နှိမ့် ချ သူ အ ချို့ တို့ သည် ယေ ရု ရှ လင် မြို့ သို့ လာ ရောက် ကြ သည့် ပြင်၊ Judson Bible သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သားအချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။ |
ဂျေရုဆလင်မြို့တွင်နေထိုင်ကြသော ယုဒအမျိုးသား၊ ဗင်္ယာမိန်အမျိုးသား၊ ဧဖရိမ်နှင့်မနာရှေအမျိုးသားတို့တွင်
ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုရှာရန် စိတ်ပိုင်းဖြတ်ထားသောသူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ယဇ်ပူဇော်ရန် လေဝိအမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်လာကြ၏။
ရောဗောင်မင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချသောကြောင့် ထာဝရဘုရား၏အမျက်တော်သည် သူ့ထံမှလွှဲသွားလေ၏။ အကုန်အစင်ဖျက်ဆီးခြင်းကို မခံရ။ ထို့ကြောင့် ယုဒပြည်အေးချမ်းသာယာသွားလေ၏။
လူအမြောက်အမြား အထူးသဖြင့် ဧဖရိမ်၊ မနာရှေ၊ ဣသခါ၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူအများစုသည် မိမိကိုယ်ကိုစင်ကြယ်အောင်မပြုရသေးသော်လည်း ပသခါသိုးသငယ်အသားကို စားကြ၍ ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်းမပြုကြ။ အကြောင်းမှာ ဟေဇကိမင်းကြီးက “အို ကောင်းမြတ်တော်မူသောထာဝရဘုရား၊
ဂျေရုဆလင်မြို့သို့လာရောက်သော အစ္စရေးအမျိုးသားတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်ပတ်လုံး အလွန်ဝမ်းမြောက်ပျော်ရွှင်စွာ ကျင်းပကြ၏။ လေဝိအမျိုးသားတို့နှင့် ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရားထံ နေ့စဉ်ချီးမွမ်းသီဆိုကြ၏။ တူရိယာများတီးမှုတ်လျက် ထာဝရဘုရားအား ချီးမွမ်းကြ၏။
ယုဒလူထုအပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ အစ္စရေးပြည်မှလာသောလူထုအားလုံး၊ အစ္စရေးပြည်မှလာသောတိုင်းတစ်ပါးသားများနှင့် ယုဒပြည်တွင်နေထိုင်သောတိုင်းတစ်ပါးသားများတို့သည် ဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြ၏။
ထိုသို့ ဒုက္ခရောက်သောအခါ မနာရှေမင်းကြီးသည် သူ၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို ရှာလျက် ဘိုးဘေးတို့၏ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုအလွန်နှိမ့်ချလေ၏။
သူ၏ဆုတောင်းချက်၊ သူ့ကိုဘုရားသခင်နားညောင်းတော်မူခြင်း၊ မိမိကိုယ်ကို မနှိမ့်ချမီ သူသစ္စာမဲ့၍ပြုမိခဲ့သောအပြစ်အားလုံး၊ အထွတ်အမြတ်ထားရာနေရာများတည်ခြင်း၊ အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုများစိုက်ထူခြင်း စသည်တို့ကို ဟောဇဲ၏မှတ်တမ်းတွင် ရေးမှတ်ထားလျက်ရှိ၏။
ခမည်းတော်မနာရှေမင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချခဲ့သော်လည်း အာမုန်မင်းကြီးမူကား ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုမနှိမ့်ချခဲ့သည်သာမက ပို၍ပင်အပြစ်ပြုသေး၏။
ဤမြို့နှင့်မြို့သားတို့အား ဆန့်ကျင်သောနှုတ်ကပတ်တော်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက် ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချလေပြီ။ သင်သည် ငါ့ရှေ့မှောက်တွင် မိမိကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကိုဆုတ်လျက် ငါ့ရှေ့မှောက်၌ငိုကြွေးသည်ကို ငါကြားပြီ။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
သို့သော် သူ၏သားတော်ဖြစ်သူ အရှင်ဗေလရှာဇာ၊ သင်သည် ထိုအမှုအလုံးစုံကို သိလျက်ပင် စိတ်နှလုံးမနှိမ့်ချဘဲ
ငါသည်လည်း သူတို့ကိုပြန်ဆန့်ကျင်၍ ရန်သူတို့၏ပြည်သို့ နှင်ထုတ်လိုက်သောအခါ သူတို့သည် အရေဖျားလှီးခြင်းမခံသောစိတ်နှလုံးကို နှိမ့်ချပြီး ကိုယ့်အပြစ်အတွက် ပြန်လည်ပေးဆပ်မည်ဆိုလျှင်
အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် လူအချို့တို့သည် ပေါလုနှင့်ပေါင်းဖော်၍ ယုံကြည်ကြ၏။ သူတို့ထဲတွင် အာရေပါဂုရုံးတော်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒယောနုသိနှင့် ဒမာရိအမည်ရှိအမျိုးသမီးတို့အပြင် သူတို့နှင့်အတူရှိသော အခြားသူများပါကြ၏။
ထာဝရဘုရားရှေ့တော်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။
ထို့ကြောင့် အချိန်တန်သောအခါ သင်တို့ကို ချီးမြှောက်တော်မူမည့်အကြောင်း ဘုရားသခင်၏တန်ခိုးကြီးသောလက်တော်အောက်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။