၁ ပေ 5:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထို့ကြောင့် အချိန်တန်သောအခါ သင်တို့ကို ချီးမြှောက်တော်မူမည့်အကြောင်း ဘုရားသခင်၏တန်ခိုးကြီးသောလက်တော်အောက်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။ Ver CapítuloCommon Language Bible6 သို့ဖြစ်၍ဘုရားသခင်သည်အချိန်တန်သော အခါသင်တို့အားချီးမြှင့်တော်မူနိုင်ရန် သင်တို့သည်ကိုယ်တော်၏တန်ခိုးကြီးသော လက်တော်အောက်၌မိမိတို့ကိုယ်ကိုနှိမ့်ချ ကြလော့။- Ver CapítuloGarrad Bible6 သို့ နှင့် အ ညီ အ ချိန် တန် သော် ဘု ရား သ ခင် သည် သင် တို့ ကို ချီး မြှောက် တော် မူ စေ ရန် တန် ခိုး ကြီး သော လက် တော့် အောက် ကိုယ် ကို နှိမ့် ချ လျက်၊ Ver CapítuloJudson Bible6 ထိုကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 ထို့ကြောင့် အချိန်တန်သောအခါ ဘုရားသခင်သည် သင်တို့အား ချီးမြှောက်တော်မူနိုင်ရန် တန်ခိုးကြီးသောလက်တော်အောက်၌ မိမိကိုယ်ကိုယ်နှိမ့်ချကြလော့။ Ver Capítulo |
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။