၂ ရာချုပ် 12:12 - မြန်မာ့စံမီသမ္မာကျမ်း12 ရောဗောင်မင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချသောကြောင့် ထာဝရဘုရား၏အမျက်တော်သည် သူ့ထံမှလွှဲသွားလေ၏။ အကုန်အစင်ဖျက်ဆီးခြင်းကို မခံရ။ ထို့ကြောင့် ယုဒပြည်အေးချမ်းသာယာသွားလေ၏။ Ver CapítuloCommon Language Bible12 မင်းကြီးသည်ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချတော်မူသဖြင့် ထာဝရ ဘုရား၏အမျက်တော်သည်သူ့အားလုံးလုံး လျားလျားဖျက်ဆီးတော်မမူ။ ယုဒပြည်၌ လည်းပြည်မှုပြည်ရေးသာယာလေသည်။ Ver CapítuloGarrad Bible12 ဘု ရင် မင်း နှိမ့် ချ သော အ ခါ ထာ ဝ ရ ဘု ရား သည် လုံး လုံး မ ဖျက် ဆီး ဘဲ အ မျက် တော် ကို သိမ်း တော် မူ၏။ ယုဒ ပြည်၌ လည်း သူ တော် ကောင်း များ ရှိ သေး သော ကြောင့် တည်း။ Ver CapítuloJudson Bible12 ထိုသို့ရှင်ဘုရင်သည် ကိုယ်ကိုနှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊ Ver Capítulo |
အစ္စရေးလူမျိုးတစ်မျိုးလုံး သူ့အတွက် ငိုကြွေးမြည်တမ်းလျက် သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးမင်းနွယ်တွင် သူသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏စိတ်တော်နှင့်တွေ့သူဖြစ်၏။ ထို့ကြောင့် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲတွင် သူတစ်ဦးတည်းသာ သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းခံရလိမ့်မည်။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။