ထိုအခါ ယာကုပ်သည်အမျက်ထွက်၍ လာဗန်ကိုအပြစ်တင်လေ၏။ ယာကုပ်သည် လာဗန်အား “ဦးရီးသည် အကျွန်ုပ်နောက်သို့အပြင်းအထန်လိုက်ရလေအောင် အကျွန်ုပ်သည် မည်သည့်အမှုကိုကျူးလွန်မိသနည်း။ မည်သည့်အပြစ်ကိုပြုမိသနည်း။
၁ ရာ 20:32 - မြန်မာ့စံမီသမ္မာကျမ်း ယောနသန်ကလည်း ခမည်းတော်ရှောလုမင်းကြီးအား “အဘယ်ကြောင့် သူသေရမည်နည်း။ မည်သည့်အမှုကို သူပြုမိသနည်း”ဟု မေးလျှောက်လျှင် Common Language Bible ယောနသန်က``အဘယ်ကြောင့်သေဒဏ်ခံ ရပါမည်နည်း။ သူသည်အဘယ်အမှုကို ပြုမိပါသနည်း'' ဟုလျှောက်လျှင်၊ Garrad Bible ယော န သန် က၊ အ ဘယ် ကြောင့် သေ ဒဏ် ခံ ရ မည် နည်း။ မည် သို့ ပြု ပါ သ နည်း ဟု ခ မည်း တော် ရှော လု မင်း အား မေး မြန်း သည့် အ တွက် Judson Bible ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊ |
ထိုအခါ ယာကုပ်သည်အမျက်ထွက်၍ လာဗန်ကိုအပြစ်တင်လေ၏။ ယာကုပ်သည် လာဗန်အား “ဦးရီးသည် အကျွန်ုပ်နောက်သို့အပြင်းအထန်လိုက်ရလေအောင် အကျွန်ုပ်သည် မည်သည့်အမှုကိုကျူးလွန်မိသနည်း။ မည်သည့်အပြစ်ကိုပြုမိသနည်း။
အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ ဤသူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း။ ငါသည် သူ၌ သေထိုက်သောအပြစ်ကိုမတွေ့။ ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု တတိယအကြိမ် သူတို့အား ဆိုလေ၏။
“ငါတို့၏ပညတ်တရားသည် လူတစ်ဦးကို သူ့ထံမှ ဦးစွာကြားနာခြင်းမရှိ၊ သူပြုနေသောအမှုအရာကိုလည်းမသိဘဲ စီရင်ပါမည်လော”ဟု ဆိုလျှင်
ထိုအခါ ရှောလုမင်းကြီးက “ဒါဝိဒ်ကို နံရံထုတ်ချင်းပေါက်အောင် ငါထိုးသတ်မည်”ဟု ဆိုလျက် လှံကိုပစ်လွှတ်လိုက်၏။ သို့သော် ဒါဝိဒ်သည် နှစ်ကြိမ်တိုင်တိုင် ရှောင်တိမ်းလိုက်နိုင်၏။
ထို့နောက် ယောနသန်သည် ခမည်းတော်ရှောလုမင်းကြီးအား ဒါဝိဒ်၏ကောင်းကြောင်းကို ပြောပြလျက် “အရှင်မင်းကြီး၊ အရှင်၏အမှုထမ်းဒါဝိဒ်ကို မပြစ်မှားပါနှင့်။ သူသည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သူလုပ်ဆောင်သမျှသည် အရှင့်အဖို့ အကျိုးကြီးလှပါ၏။
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။
ထို့နောက် ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်အရပ်မှ ထွက်ပြေး၍ ယောနသန်ထံသို့ရောက်လာကာ “အကျွန်ုပ်မည်သို့ ပြုမိပါသနည်း။ မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်အသက်ကို လိုက်ရန်ရှာရလေအောင် သင့်ခမည်းတော်ကို အကျွန်ုပ်မည်သည့် အမှားပြုမိပါသနည်း”ဟု မေး၏။
မင်းကြီးက ‘ကောင်းပြီ’ဟု ဆိုလျှင် အရှင်၏အစေအပါးသည် အသက်ချမ်းသာရာရပြီ။ ထိုသို့မဟုတ်ဘဲ အမျက်ပြင်းစွာထွက်လျှင် အကျွန်ုပ်ကို မကောင်းကြံပြီးဖြစ်ကြောင်း သိပါလော့။
အဟိမလက်က ရှင်ဘုရင်အား “အရှင်မင်းကြီး၏အမှုထမ်းအပေါင်းတို့တွင် ဒါဝိဒ်ကဲ့သို့ မည်သူသစ္စာရှိသနည်း။ သူသည် အရှင်မင်းကြီး၏သမက်တော်ဖြစ်၏။ အရှင်မင်းကြီး၏ကိုယ်ရံတော်မှူးလည်း ဖြစ်၏။ အရှင်မင်းကြီး၏အိမ်ထောင်မိသားစုတွင် ဂုဏ်သရေရှိသူလည်း ဖြစ်၏။