၁ ရာ 19:5 - မြန်မာ့စံမီသမ္မာကျမ်း5 သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။ Ver CapítuloCommon Language Bible5 သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။ Ver CapítuloGarrad Bible5 အ သက် ကို ဆောင် ကိုင် လျက် ဖိ လိ တ္တိ သူ ရဲ ကို လုပ် ကြံ သော အ မှု အား ဖြင့် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ တစ် မျိုး လုံး အ ဖို့ ကြီး စွာ သော အောင် မြင် ခွင့် ကို ပေး တော် မူ ခဲ့ ပြီ။ ထို အ မှု ကို အ ရှင် သိ မြင် သ ဖြင့် ဝမ်း မြောက် ခဲ့ ရ ပြီ။ သို့ ဖြစ် လျက် ဒါ ဝိဒ် ကို အ ကြောင်း မဲ့ သတ်၍ အ ပြစ် ကင်း သူ၏ အ သွေး သွန်း ပြစ် ဖို့ အ ဘယ် ကြောင့် ရောက် တော် မူ အံ့ နည်း ဟု တင် လျှောက် သော် Ver CapítuloJudson Bible5 မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုး တစ်မျိုးလုံးအဖို့ ကြီးစွာသော ကယ်တင်ခြင်းကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည်မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကိုသတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊ Ver Capítulo |
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။