Biblia Todo Logo
La Biblia Online
- Anuncios -




၁ ရာ 18:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထိုအခါ ရှောလု​မင်းကြီး​က “​ဒါဝိဒ်​ကို နံရံ​ထုတ်ချင်းပေါက်​အောင် ငါ​ထိုးသတ်​မည်​”​ဟု ဆို​လျက် လှံ​ကို​ပစ်လွှတ်​လိုက်​၏​။ သို့သော် ဒါဝိဒ်​သည် နှစ်​ကြိမ်​တိုင်တိုင် ရှောင်တိမ်း​လိုက်​နိုင်​၏​။

Ver Capítulo Copiar

Common Language Bible

11 ``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။

Ver Capítulo Copiar

Garrad Bible

11 ရှော လု မင်း က၊ ဒါ ဝိဒ် ကို နန်း နံ ရံ နှင့် ကပ် အောင် ထိုး သတ် မည် ဟု ကြံ စည်၍ လှံ တော် လွှတ် လိုက် ရာ၊ နှစ် ကြိမ် မြောက် ဒါ ဝိဒ် တိမ်း ရှောင် ရ လေ ၏။

Ver Capítulo Copiar

Judson Bible

11 ဒါ​ဝိဒ်​ကို ထ​ရံ​နား​မှာ​ထိုး​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း လှံ​တို​ကို​ထိုး​ပစ်​သော်​လည်း၊ ဒါ​ဝိဒ်​သည် အ​ထံ​တော်​မှ နှစ်​ကြိမ်​ရှောင်​လွှဲ​လေ၏။

Ver Capítulo Copiar




၁ ရာ 18:11
9 Referencias Cruzadas  

အမျက်ဒေါသ​သည် ရက်စက်​၍ အမျက်​သည် လွှမ်းမိုး​တတ်​၏​။ သို့သော် မနာလိုဝန်တိုမှု​ရှေ့​၌ မည်သူ​ခံရပ်​နိုင်​မည်နည်း​။


သင့်​ကို​တိုက်ခိုက်​ရန် ထုတ်လုပ်​သော​လက်နက်​ရှိသမျှ​သည် အထမြောက်​မည်​မ​ဟုတ်​။ သင်​နှင့်​တရားဆိုင်​၍ သင့်​ကို​ဆန့်ကျင်​သော​လျှာ​ရှိသမျှ​တို့​ကို သင်​က အောင်​နိုင်​လိမ့်မည်​။ ဤသည်ကား ထာဝရဘုရား​၏​အစေအပါး​တို့ ရရှိ​သော​အမွေ​၊ ငါ့​ထံမှ​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​အလယ်​မှ​ဖြတ်လျှောက်​၍ ကြွသွား​တော်မူ​၏။


ထိုအခါ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ကြိုးစား​ကြ​ပြန်​၏။ သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​၏​လက်​မှ​လွတ်မြောက်​၍ ကြွသွား​တော်မူ​၏။


ထိုအခါ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ပေါက်​ရန် ကျောက်ခဲ​တို့​ကို​ကောက်​ယူ​ကြ​၏။ သို့သော် ယေရှု​သည် တိမ်းရှောင်​၍​ဗိမာန်​တော်​မှ ထွက်ခွာ​သွား​တော်မူ​၏။


မီး​အရှိန်​ကို​ငြိမ်း​စေ​ခြင်း၊ ဓား​ဘေး​မှ​လွတ်မြောက်​ခြင်း၊ အားနည်း​ရာ​မှ အားကြီး​လာ​ခြင်း၊ စစ်ပွဲ​၌ ခွန်အား​နှင့်​ပြည့်စုံ​လာ​၍ တိုင်းတစ်ပါးသား​တို့​၏​စခန်း​များ​ကို​ဖြိုခွင်း​ခြင်း စသည့်​အမှု​များ​ကို​ပြု​ခဲ့​ကြ​၏။


ရှောလု​မင်းကြီး​သည် ယောနသန်​ကို သတ်​ရန် လှံ​နှင့်​ထိုး​လိုက်​၏​။ ယောနသန်​လည်း သူ့​ခမည်းတော်​သည် ဒါဝိဒ်​ကို သတ်​ရန် စိတ်ပိုင်းဖြတ်​ထား​ပြီး​ဖြစ်ကြောင်း ရိပ်မိ​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos