၁ ရာ 20:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်အရပ်မှ ထွက်ပြေး၍ ယောနသန်ထံသို့ရောက်လာကာ “အကျွန်ုပ်မည်သို့ ပြုမိပါသနည်း။ မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်အသက်ကို လိုက်ရန်ရှာရလေအောင် သင့်ခမည်းတော်ကို အကျွန်ုပ်မည်သည့် အမှားပြုမိပါသနည်း”ဟု မေး၏။ Ver CapítuloCommon Language Bible1 ထိုနောက်ဒါဝိဒ်သည်ရာမမြို့အပိုင်နာယုတ် ရွာမှထွက်ပြေးပြီးလျှင် ယောနသန်ထံသို့ သွား၍``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိပါသနည်း။ အဘယ်ရာဇဝတ်မှုကူးလွန် မိပါသနည်း။ အကျွန်ုပ်ကိုသတ်ချင်ရအောင် သင့်ခမည်းတော်အားကျွန်ုပ်သည်အဘယ် သို့ပြစ်မှားမိပါသနည်း'' ဟုမေး၏။ Ver CapítuloGarrad Bible1 ဒါ ဝိဒ် သည် ရာ မ မြို့၊ ကျောင်း တိုက် မှ ပြန် ပြေး၍ ယော န သန့် ထံ ရောက် ရာ ခ မည်း တော် သည် ကျွန် တော် ကို အ သက် သေ ကြောင်း ကြံ တော် မူ သည် မှာ မည် သည့် အ ပြစ်၊ မည် သည့် ဒု စ ရိုက် ကို ခ မည်း တော် အား ပြု မိ ပါ သ နည်း ဟု မေး လျှင် Ver CapítuloJudson Bible1 ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ပြုဘိသနည်း။ အဘယ်အပြစ် ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကိုရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟုမေးသော်၊ Ver Capítulo |
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။