၁ ရာ 20:2 - မြန်မာ့စံမီသမ္မာကျမ်း2 ယောနသန်ကလည်း “ထိုသို့ ဖြစ်မည်မဟုတ်။ သင်မသေရ။ ငါ့ခမည်းတော်သည် အမှုကြီးကြီးငယ်ငယ် ငါနှင့်မတိုင်ပင်ဘဲမပြု။ ငါ့ခမည်းတော်သည် ဤအမှုကို ငါ့အား မပြောဘဲ အဘယ်ကြောင့်ဖုံးကွယ်ထားမည်နည်း။ ဤအမှု မဖြစ်ရ”ဟု ပြန်ပြောလေ၏။ Ver CapítuloCommon Language Bible2 ယောနသန်က``ထိုသို့မဖြစ်ပါစေနှင့်။ သင် သည်မသေရပါ။ ကျွန်ုပ်၏ခမည်းတော်သည် အမှုကြီးငယ်မှန်သမျှကိုမပြုမီကျွန်ုပ် အားပြောပြတတ်ပါ၏။ ကျွန်ုပ်ထံမှအဘယ် အရာကိုမျှဖုံးကွယ်ထားလေ့မရှိပါ။ သင့် ကိုသတ်မည်ဆိုသည်မှာမဖြစ်နိုင်ပါ'' ဟု ဆို၏။ Ver CapítuloGarrad Bible2 ယော န သန် က၊ ထို သို့ မ ဖြစ် ပါ စေ လင့်။ သင် သေ ရ မည် မ ဟုတ်။ ခ မည်း တော် သည် မည် သည့် အ မှု ကြီး ငယ် ကို မျှ ငါ မ သိ ဘဲ မ ပြု မ လုပ်။ ထို အ မှု မ ဖြစ် နိုင် ရာ။ အ ဘယ် ကြောင့် ငါ့ ကို ထိမ် ချန် မည် နည်း ဟု ဆို သော်၊ Ver CapítuloJudson Bible2 ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အားမပြောဘဲ အမှုအကြီးအငယ် တစ်စုံတစ်ခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှာ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူးဟု ပြန်ပြော၏။ Ver Capítulo |
ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်မှတစ်ပါး မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင် စသည်တို့ကိုပူဇော်ရန် အခြားသောယဇ်ပလ္လင်တည်ခြင်းအားဖြင့် ထာဝရဘုရားကိုပုန်ကန်သောအမှု၊ ယနေ့ ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားသောအမှုတို့သည် ငါတို့နှင့်ဝေးပါစေ”ဟု ဆိုကြ၏။
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။