၁ ရာ 14:45 - မြန်မာ့စံမီသမ္မာကျမ်း
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။
Ver Capítulo
သို့ရာတွင်လူတို့ကရှောလုအား``ဣသရေလ အမျိုးသားတို့ကိုအောင်ပွဲကိုခံစေသော ယောနသန်အားသေဒဏ်ပေးပါမည်လော။ သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်မျှမြေသို့ မကျစေရန် အကျွန်ုပ်တို့သည်အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကတိပြုပါ၏။ ယနေ့သူပြုသောအမှု သည် ဘုရားသခင်၏အကူအညီဖြင့်ပြု သောအမှုဖြစ်ပါ၏'' ဟုလျှောက်ထားကြ ၏။ ဤသို့လျှင်လူတို့သည်ယောနသန်အား သေဘေးမှကယ်လိုက်ကြသတည်း။
Ver Capítulo
ဗိုလ် ထု က၊ ဣ သ ရေ လ လူ မျိုး အ ဘို့ ဤ ကြီး စွာ သော အောင် မြင် ခြင်း ကို ပြု ဘူး သူ ယော န သန် သည် သေ ဒဏ် ခံ ရ မည် လော။ ကင်း ဝေး စေ တော် မူ ပါ။ သူ သည် ယ နေ့ ဘု ရား သ ခင် နှင့် အ တူ ဆောင် ရွက် သည် ဖြစ်၍ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ဦး ဆံ တစ် ပင် မျှ မြေ သို့ မ ကျ ရ ဟု တင် လျှောက် လျက် ယော န သန် ကို သေ ဘေး မှ ရွေး နုတ် ကြ ကုန် ၏။
Ver Capítulo
လူများတို့က၊ ဣသရေလအမျိုး၌ ဤကယ်တင်ခြင်းကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ၏ဆံခြည်တစ်ပင်မျှ မြေပေါ်မှာမကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း၍ပြုပါပြီဟုဆိုသဖြင့်၊ အသက်ချမ်းသာစေခြင်းငှာ ယောနသန်ကို ကယ်နုတ်ကြ၏။
Ver Capítulo