တမန်တော်ဝတ္ထု 27:34 - မြန်မာ့စံမီသမ္မာကျမ်း34 ထို့ကြောင့် အစာစားကြရန် သင်တို့အား အကျွန်ုပ်တိုက်တွန်းပါသည်။ ဤသည်ကား သင်တို့၏လွတ်မြောက်ခြင်းအတွက် ဖြစ်၏။ သင်တို့၏ဦးခေါင်းမှ ဆံပင်တစ်ပင်မျှ ပျက်စီးမည်မဟုတ်”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible34 သင်တို့ဆက်လက်အသက်ရှင်နိုင်ရေးအတွက် အစားအစာစားကြရန်ငါတောင်းပန်ပါ၏။ သင်တို့တစ်စုံတစ်ယောက်၏ဦးခေါင်းမှဆံ ခြည်တစ်ပင်မျှပင်လျှင်ပျက်စီးဆုံးရှုံး ရလိမ့်မည်မဟုတ်'' ဟုဆို၏။- Ver CapítuloGarrad Bible34 ထို့ ကြောင့် အ သက် ချမ်း သာ ရ စေ ရန် စား သောက် မည့် အ ကြောင်း ငါ နှိုး ဆော်၏။ မည် သူ့ ဦး ဆံ တစ် ပင် မျှ ပျက် တော့ မည် မ ဟုတ် ဆို ပြီး လျှင်၊ Ver CapítuloJudson Bible34 ထိုကြောင့် အစာစားကြလော့။ စားလျှင် ချမ်းသာရခြင်းအကြောင်း ဖြစ်လိမ့်မည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း34 ထို့ကြောင့် အစာစားရန် သင်တို့အား ကျွန်ုပ်တိုက်တွန်းပါ၏။ စားလျှင် ခွန်အားပြည့်၍ သင်တို့အသက်ရှင်နိုင်မည်။ သင်တို့၏ဦးခေါင်းမှ ဆံခြည်တစ်မျှင်မျှ ဆုံးရှုံးရမည်မဟုတ်ပါ” ဟု ဆိုလေ၏။ Ver Capítulo |
ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍“ဤလူထုပရိသတ်ကို ငါသနား၏။ အကြောင်းမူကား သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူရှိကြပြီး သူတို့၌ မည်သည့်စားစရာမျှမရှိ။ သူတို့ကိုဘာမျှမကျွေးဘဲ ပြန်သွားစေရန် ငါအလိုမရှိ။ ထိုသို့ပြန်စေလျှင် သူတို့သည် လမ်းခရီး၌ အားပြတ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။