တမန်တော်ဝတ္ထု 27:35 - မြန်မာ့စံမီသမ္မာကျမ်း35 ဤသို့ဆိုပြီးနောက် ပေါလုသည် မုန့်ကိုယူ၍ အားလုံး၏ရှေ့တွင် ဘုရားသခင်အားကျေးဇူးတင်လျက် မုန့်ကိုဖဲ့၍စားလေ၏။ Ver CapítuloCommon Language Bible35 ထိုနောက်ပေါလုသည်မုန့်ကိုယူပြီးလျှင် ထို သူအားလုံးတို့၏ရှေ့တွင်ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်မုန့်ကို ဖဲ့၍စားလေ၏။- Ver CapítuloGarrad Bible35 မုန့် ကို ယူ၍ ရှိ သ မျှ တို့ ရှေ့ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း လျက် ဖဲ့ စား စဉ်၊ Ver CapítuloJudson Bible35 သင်တို့ဆံခြည်တစ်ပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ စားလေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း35 ထိုသို့ပြောဆိုပြီးနောက် သူသည်မုန့်ကိုယူကာ လူများရှေ့တွင် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ ဖဲ့၍စားလေ၏။ Ver Capítulo |
ထို့နောက် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်ထိုင်ကြရန် အမိန့်ပေးတော်မူ၍ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူလျက် မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။
သူမရောက်လာမချင်း လူတို့သည် စားခွင့်မရှိ။ သူလာ၍ ယဇ်ကောင်ကိုကောင်းချီးပေးပြီးမှ ဖိတ်ခေါ်ထားသောသူတို့သည် စားရမည်ဖြစ်သောကြောင့် စားသောက်ဖို့ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ သူမတက်သွားမီ သင်တို့ မြို့ထဲဝင်သည်နှင့် သူ့ကိုတွေ့ရလိမ့်မည်။ ထို့ကြောင့် ယခု သင်တို့တက်သွားလျှင် သူ့ကိုတွေ့နိုင်ကောင်းပါ၏”ဟု ပြန်ပြော၏။