ဗျာဒိတ် 19:14 - မြန်မာ့စံမီသမ္မာကျမ်း14 ကောင်းကင်ဗိုလ်ခြေတို့သည် စင်ကြယ်သောပိတ်ချောဖြူကိုဝတ်ဆင်လျက် မြင်းဖြူကိုစီးကာ သူ၏နောက်သို့လိုက်ကြ၏။ Ver CapítuloCommon Language Bible14 ကောင်းကင်ဗိုလ်ခြေတို့သည်စင်ကြယ်သည့်ပိတ် ချောဖြူထည်ကိုဝတ်ဆင်ကာမြင်းဖြူများစီး လျက်ထိုအရှင်၏နောက်တော်ကလိုက်ကြ၏။- Ver CapítuloGarrad Bible14 ကောင်း ကင် ဗိုလ် ခြေ တို့ လည်း ဖြူ စင် သော ပိတ် ချော ဝတ် ဆင် လျက် မြင်း ဖြူ များ ကို စီး၍ နောက် တော် ပါ ကြ ရာ။ Ver CapítuloJudson Bible14 ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ဝတ်လျက်၊ နောက်တော်သို့ လိုက်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း14 ကောင်းကင်ဗိုလ်ခြေတို့သည် စင်ကြယ်သောပိတ်ချောဖြူကို ဝတ်ဆင်ထားလျက် မြင်းဖြူများကို စီးကာ သူ၏နောက်သို့ လိုက်ကြ၏။ Ver Capítulo |
ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။