လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
ဝတ်ပြု 7:1 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်ဒဏ်ဖြေရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အပြစ်ဒဏ်ဖြေရာယဇ်သည် အလွန်သန့်ရှင်း၏။ Common Language Bible အပြစ်ဒဏ်ပြေရာပူဇော်သကာနှင့်ဆိုင် သောပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။- Garrad Bible ပြစ် ဒဏ် ပြေ ရာ သ က္ကာ တ ရား ဟူ မူ ကား၊ အ ထူး သီး သန့် သည် နှင့် အ ညီ၊ Judson Bible ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။ |
လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
မုခ်ဆောင်ဆင်ဝင်တစ်ဖက်တစ်ချက်တွင် စားပွဲနှစ်လုံးစီရှိ၏။ ထိုစားပွဲပေါ်တွင် မီးရှို့ရာယဇ်ကောင်၊ အပြစ်ဖြေရာယဇ်ကောင်၊ အပြစ်ဒဏ်ဖြေရာယဇ်ကောင်တို့ကို တင်သတ်ကြ၏။
ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို သူတို့စားရမည်။ အစ္စရေးလူမျိုးတို့ ဆက်ကပ်သောအရာဟူသမျှသည် သူတို့အပိုင်ဖြစ်ရမည်။
ထိုသူက ငါ့အား “ဤနေရာသည် ယဇ်ပုရောဟိတ်တို့က အပြစ်ဒဏ်ဖြေရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို ပြုတ်ရသောနေရာ၊ ဘောဇဉ်ပူဇော်သက္ကာကို ဖုတ်ရာနေရာဖြစ်၏။ လူတို့ထံ သန့်ရှင်းခြင်းကူးမသွားစေရန် ထိုယဇ်တို့ကို အပြင်ဝင်းသို့ ယူဆောင်မသွားရ”ဟု ဆို၏။
မိမိဘုရားသခင်အဖို့ စားဖွယ်ရာများဖြစ်သည့် အထူးသန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း၊ သန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း သူစားခွင့်ရှိ၏။
သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။
“တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏သန့်ရှင်းသောအရာတစ်စုံတစ်ခုအပေါ် မရည်ရွယ်ဘဲပြစ်မှားခြင်းဖြင့် မှားယွင်းမှုကိုပြုမိလျှင် သူသည် အပြစ်ဒဏ်ဖြေရာယဇ်အတွက် သင်တန်ဖိုးဖြတ်သောငွေရှယ်ကယ်အတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံယူဆောင်လာရမည်။
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
၎င်းတို့ကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာပြီး အပြစ်ဖြေရာယဇ်အတွက်ဖြစ်သောအကောင်ကို ဦးစွာပူဇော်ရမည်။ ၎င်း၏ခေါင်းကို လည်ပင်းမှချိုးရမည်။ သို့သော် မပြတ်စေရ။
တဆေးထည့်၍ မဖုတ်ရ။ ငါ့အဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ ၎င်းကို သူတို့၏ဝေစုအဖြစ် ငါပေး၏။ ၎င်းသည် အပြစ်ဖြေရာယဇ်နှင့် အပြစ်ဒဏ်ဖြေရာယဇ်ကဲ့သို့ပင် အလွန်သန့်ရှင်း၏။
“အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ အပြစ်ဖြေရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အပြစ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၊ ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ ဤယဇ်သည် အလွန်သန့်ရှင်းသောယဇ်ဖြစ်၏။
သူ၏နာဇရိလူဖြစ်ခြင်းသည် ညစ်ညူးသွားသောကြောင့် ယခင်ကာလသည် ပျက်ပြယ်သွား၏။ ထို့ကြောင့် သူသည် နာဇရိလူအဖြစ် ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားရန် ဒုစရိုက်ဖြေရာယဇ်အဖြစ် တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်ကို ယူဆောင်လာရမည်။