ယေဇကျေလ 46:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထိုသူက ငါ့အား “ဤနေရာသည် ယဇ်ပုရောဟိတ်တို့က အပြစ်ဒဏ်ဖြေရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို ပြုတ်ရသောနေရာ၊ ဘောဇဉ်ပူဇော်သက္ကာကို ဖုတ်ရာနေရာဖြစ်၏။ လူတို့ထံ သန့်ရှင်းခြင်းကူးမသွားစေရန် ထိုယဇ်တို့ကို အပြင်ဝင်းသို့ ယူဆောင်မသွားရ”ဟု ဆို၏။ Ver CapítuloCommon Language Bible20 ဤအရပ်ကားယဇ်ပုရောဟိတ်တို့အပြစ် ဖြေရာယဇ်၊ သို့မဟုတ်ဒုစရိုက်ဖြေရာ ယဇ်ကိုပူဇော်ရန်အသားများကိုပြုတ် ရာ၊ မုန့်ညက်ပူဇော်သကာကိုဖုတ်ရာအရပ် ဖြစ်၏။ လူတို့ဘေးအန္တရာယ်မဖြစ်ကြ စေရန်သန့်ရှင်းမြင့်မြတ်သည့်အရာမှန် သမျှကိုတံတိုင်းအပြင်ဝင်းသို့မထုတ် ကြခြင်းဖြစ်၏'' ဟုဆို၏။ Ver CapítuloGarrad Bible20 ဤ ကား၊ လူ ပ ရိ သတ် သီး သန့် ရာ ရောက် မည် ကို စိုး၍၊ ပြစ် ဒဏ် ပြေ ရာ သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ ကို၊ အ ပြင် တံ တိုင်း သို့ မ ထုတ် ဘဲ ပြုတ် ခြင်း၊ ဘော ဇဉ် သ က္ကာ ပေါင်း ခြင်း ကို၊ ပ ရော ဟိတ် တို့ ပြု ရ သော ဇ န ပုဒ် တည်း ဟု ဆို ပြီး နောက်၊ Ver CapítuloJudson Bible20 ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘောဇဉ်ပူဇော်သကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်းစေခြင်းငှာ၊ ထိုအရာတို့ကို ပြင်တံတိုင်းထဲသို့ မထုတ်ရကြဟု ငါ့အားပြောဆို၏။ Ver Capítulo |