ဝတ်ပြု 5:11 - မြန်မာ့စံမီသမ္မာကျမ်း11 သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။ Ver CapítuloCommon Language Bible11 သူသည်ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင် ပူဇော်ရန်မတတ်နိုင်လျှင် အပြစ်ဖြေရာယဇ် အဖြစ်မုန့်ညက်နှစ်ပေါင်ကို ယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။ ယင်းပူဇော်ခြင်း သည်ဘောဇဉ်သကာပူဇော်ခြင်းမဟုတ်။ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခြင်းဖြစ် သောကြောင့် မုန့်ညက်ပေါ်တွင်သံလွင်ဆီ သို့မဟုတ်၊ အမွှေးနံ့သာကိုမလောင်းရ။- Ver CapítuloGarrad Bible11 ချိုး နှစ် ကောင်၊ ခို နှစ် ကောင် လက် ဝယ် မ ရှိ လျှင် ပြစ် မှု အ တွက် မုန့် ညက် တစ် စ ရွတ် ကို အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဖြင့် တင် သွင်း လှူ ဒါန်း စေ။ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ဆီ လောင်း ခြင်း၊ လော ဗန် တင် ခြင်း မ ပြု ရ။ Ver CapítuloJudson Bible11 ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကိုမတတ်နိုင်လျှင်၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ်အရာ၌ မုန့်ညက်တစ်ဩမဲကိုဆောင်ခဲ့၍၊ ဆက်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သောကြောင့် ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။ Ver Capítulo |
အကယ်၍ သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူဆောင်လာရမည်။ တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုမိန်းမအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ယောက်ျားသည် မိမိမယားကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ဆောင်လာရမည်။ မိမိမယားအတွက် မုယောမုန့်ညက်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ပူဇော်သက္ကာအဖြစ် ယူလာရမည်။ ထိုမုန့်ညက်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာ၊ ဒုစရိုက်ကိုအောက်မေ့သတိရစေသည့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်နှင့်အညီ ထိုမုန့်ညက်အပေါ် ဆီမလောင်းရ။ လော်ဗန်မတင်ရ။