ချည်ချော၊ သို့မဟုတ် သိုးမွေးတို့၏တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်လုပ်သောပစ္စည်းတစ်ခုခု စသည်တို့၌ မှိုစွဲနာရှိ၍
ဝတ်ပြု 13:49 - မြန်မာ့စံမီသမ္မာကျမ်း ထိုအနာသည် အဝတ်၊ သားရေ၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌ စိမ်းဖန့်ဖန့်၊ သို့မဟုတ် နီကြင်ကြင် ဖြစ်နေလျှင် မှိုစွဲနာဖြစ်၏။ ယဇ်ပုရောဟိတ်အား ပြရမည်။ Common Language Bible စိမ်းဖန့်ဖန့်သို့မဟုတ်နီကြန့်ကြန့်ဖားဥ ကွက်များကိုတွေ့ရလျှင် ပြန့်ပွားတက်သော ဖားဥမျိုးဖြစ်သဖြင့် ထိုပစ္စည်းများကိုယဇ် ပုရောဟိတ်ထံပြသရမည်။- Garrad Bible အ ဝတ်၊ သား ရေ၊ အ တိုင် အ ဖောက်၊ သား ရေ ဖြင့် လုပ် သော အ ရာ ရာ တွင် အ မှတ် လ က္ခ ဏာ မ စိမ်း တ စိမ်း၊ မ နီ တ နီ အ ရောင် ရှိ သော် နူ နာ အ မှတ် လ က္ခ ဏာ ဖြစ် သ ဖြင့် ပ ရော ဟိတ် ထံ ပြ ရ မည်။ Judson Bible အဝတ်၌စွဲသောအနာသည် ခပ်စိမ်းစိမ်း၊ ခပ်နီနီရှိလျှင်၊ နူနာဖြစ်၏။ ယဇ်ပုရောဟိတ်အားပြရမည်။ |
ချည်ချော၊ သို့မဟုတ် သိုးမွေးတို့၏တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်လုပ်သောပစ္စည်းတစ်ခုခု စသည်တို့၌ မှိုစွဲနာရှိ၍
ယဇ်ပုရောဟိတ်သည် အနာကိုကြည့်ရှုစစ်ဆေးပြီးလျှင် အနာစွဲနေသောပစ္စည်းကို ခုနစ်ရက် သီးခြားထားရမည်။
သူသည် အနာကိုကြည့်ရှုစစ်ဆေးသောအခါ အိမ်နံရံရှိအနာသည် စိမ်းဖန့်ဖန့်၊ သို့မဟုတ် နီကြင်ကြင်ဖြစ်၍ နံရံထဲထိစွဲနေဟန်ရှိလျှင်
ထိုအခါ ယေရှုက“မည်သူ့ကိုမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း ပူဇော်သက္ကာကို ဆက်သလော့”ဟု ထိုသူအား မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်သည် မည်သူ့ကိုမျှမပြောရန် သူ့အားမိန့်မှာလျက်“ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ထားသည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု မိန့်တော်မူ၏။