လုကာ 5:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ ကိုယ်တော်သည် မည်သူ့ကိုမျှမပြောရန် သူ့အားမိန့်မှာလျက်“ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ထားသည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible14 ``ဤအကြောင်းကိုမည်သူ့အားမျှမပြောနှင့်'' ဟု ထိုသူအားတားမြစ်တော်မူပြီးသော်ကိုယ်တော် က ``သင်သည်ယဇ်ပုရောဟိတ်ထံသို့သွား၍ကိုယ် ကိုပြလော့။ သင့်ရောဂါပျောက်ကင်းကြောင်းလူတို့ ရှေ့၌သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာသည့်ပူဇော်သကာကိုဆက်သ လော့'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible14 ကိုယ် တော် က လည်း မည် သူ့ ကို မျှ မ ကြား မ ပြော စေ ရန် တား မြစ် လျက် ပ ရော ဟိတ် ထံ သွား၍ ကိုယ် ကို ပြ ပြီး လျှင် မော ရှေ စီ ရင် ခဲ့ သည့် အ တိုင်း သက် သေ အ ဖြစ် သန့် ရာ ရောက် သည့် အ တွက် ဆက် ကပ် လော့ ဟု မိန့် မှာ တော် မူ သော် လည်း၊ Ver CapítuloJudson Bible14 ယေရှုကလည်း၊ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက် မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း14 ထို့နောက် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောရန် ထိုသူအား တားမြစ်တော်မူလျက် “ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါ ပျောက်ကင်းစင်ကြယ်ကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ14 ယေရှုကလည်း၊ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက် မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မိန့်တော်မူ၏။- Ver Capítulo |